ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် (NSPNC) နှင့် နိုင်ငံရေးပါတီများတွေ့ဆုံရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရေးဆွေးနွေးခဲ့

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် (NSPNC) နှင့် နိုင်ငံရေးပါတီများတွေ့ဆုံရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရေးဆွေးနွေးခဲ့

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးမှုတက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများထံမှ သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေးပါတီများပါဝင်နိုင်ရန်အတွက် နိုင်ငံရေးပါတီများအားလုံးမှ သဘောတူရွေးချယ်သည့် နိုင်ငံရေးပါတီများကိုယ်စားပြုသော ပုဂ္ဂိုလ် ၁၆ ဦးကို ရွေးချယ်သွားရန်ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ခေါင်းဆောင် ဒေါက်တာအေးမောင်ကပြောသည်။

“အဲဒီ (နိုင်ငံရေးပါတီအားလုံးကိုကိုယ်စားပြုတဲ့) ၁၆ ဦးဟာ ဘက်သုံးဘက်တွေ့ဆုံတဲ့နေရာပေါ့ဗျာ။ တပ်မတော် NSPNC ဘက်က ဗိုလ်ချုပ်ကြီးရာပြည့်တို့ဦးဆောင်တဲ့တစ်ဖွဲ့၊ ဒီဘက်က NCA ထိုးထားတဲ့ EAO တွေ၊ မထိုးထားတဲ့ EAOs တွေ ရောပါရင်ပါမယ်ပေါ့ဗျာ။ အဲလိုမျိုး သုံးပွင့်တွေ့ပြီးမှ NCA လမ်းကြောင်းပါအတိုင်း လုပ်ငန်းစဉ်ကို အမြန်ဆုံးနဲ့ အဓိကရလာဒ်ကိုရအောင် ဒီ (နစက) ကာလအတွင်းမှာ လာမယ့်ရွေးကောက်ခံကြောင့်ဖြစ်လာမယ့် အမျိုးသားအစိုးရတစ်ရပ်ကို ငြိမ်းချမ်းရေးဖြစ်စဉ်ကို လွှဲအပ်နိုင်အောင် အမြန်ဆုံးဘယ်လိုလုပ်ကြမှာလဲဆိုတာကို ဆွေးနွေးကြပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် နိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နစက အစိုးရလက်ထက်တွင် ပထမဆုံးတွေ့ဆုံပြီး အပစ်ရပ်စာချုပ် (NCA) လမ်းကြောင်းအတိုင်း မည်ကဲ့သို့သွားမည်ကို ခြေလှမ်းအသစ်ရှာသည့် တွေ့ဆုံပွဲဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် (NSPNC) နှင့် တွေ့ဆုံဆွေးနွေးပွဲကို ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ လီဆူအမျိုးသားဖွ့ံဖြိုးတိုးတက်ရေးပါတီ စသည့်နိုင်ငံရေးပါတီ ၁၈ ပါတီ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် (EAOs) များနှင့် ယုံကြည်မှုတည်ဆောက်ရေးမှာ အဓိကကျကြောင်းနှင့် အပစ်ရပ်စာချုပ် (NCA) လက်မှတ်မထိုးထားသည့် EAOs များကိုလည်း အမြန်ဆုံးစည်းရုံးအသက်သွင်းရန်လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှ ဘဏ္ဍာရေးမှူး ဒေါက်တာစိုင်းကျော်အုန်းက ပြောသည်။

“ငြိမ်းချမ်းရေးရဖို့အတွက် EAOs တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးက အဓိကကျပါတယ်။ အခုကျ (EAOs) ဆယ်ဖွဲ့က NCA ထိုးထားတယ်။ ကျန်တဲ့လက်နက်ကိုင်အဖွဲ့တွေကိုလည်း အမြန်ဆုံးအသက်သွင်းစည်းရုံးဖို့လိုတယ်။ အဲဒါက အားလုံးပါဝင်ပြီးမှ ငြိမ်းချမ်းရေးကိုရရှိနိုင်မယ်။ အဲဒါကို မြန်ဆန်နိုင်သလောက်မြန်နိုင်အောင် NCA မထိုးရသေးတဲ့ EAOs တွေကိုလည်း စည်းရုံးအသက်သွင်းဖို့ အကြံပြုခဲ့ပါတယ်။ NCA ထိုးထားတဲ့ EAOs တွေနဲ့လည်း ထိတွေ့တိုက်ပွဲမဖြစ်ဖို့နဲ့ အဓိကရှောင်ရှားဖို့ အကြံပြုတိုက်တွန်းခဲ့တယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှစပြီး လက်ရှိအချိန်ထိ ပြည်တွင်းငြိမ်းချမ်းရေးတစ်ကြိမ်မှ မရရှိခဲ့သည့်အတွက် နိုင်ငံတော်သည် တိုးတက်သင့်သလောက် မတိုးတက်ဘဲဖြစ်နေကြောင်းနှင့် ငြိမ်းချမ်းရေးရမှ နိုင်ငံတော်တိုးတက်မည်ဖြစ်ကြောင်း ဒေါက်တာစိုင်းကျော်အုန်းကပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် (NSPNC) နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးပွဲတွင် အချိုးကျကိုယ်စားပြု PR စနစ်ရွေးကောက်ပွဲအကြောင်းနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခြင်းဖြစ်သည်။

APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...