တာချီလိတ်မြို့ ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရ

တာချီလိတ်မြို့ ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အထိုးခံလိုက်ရသည့် ရဲတပ်ကြပ်အဆင့်ရှိသူက ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီကျော်ဝန်းကျင်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် လုံခြုံရေးအစောင့်တာဝန်ကျသည့် ရဲတပ်ကြပ်တစ်ဦးကို အမည်မသိအမျိုးသားတစ်ဦးမှ ဓားဖြင့် ဝင်ရောက်ထိုးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ ၁၀ နာရီကျော်မှာဖြစ်သွားတာပါ၊ ရှမ်းရိုးမကုန်တိုက်နားက မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးစောင့်နေတဲ့ ရဲတပ်ကြပ်ကို ဓားနဲ့ဝင်ထိုးတာ၊ အစက သတ်ပုတ်ကြမလို့ ဖြစ်သေးတယ်လည်း ကြားမိတယ်၊ အခု အထိုးခံရတဲ့သူက ဒဏ်ရာပြင်းတော့ ဆေးရုံမှာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတယ်လို့လည်း ကြားတယ်” ဟု ရှမ်းရိုးမ ကုန်တိုက်နားနေထိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓားဖြင့် ထိုးခံရသူမှာ တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တင်အောင်မိုး ဆိုသူဖြစ်ပြီး လက်ရှိတွင် ဓားဖြင့် ထိုးခံရမှုကြောင့် တာချီလိတ်ခရိုင်ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းလည်း သိရသည်။

အဆိုပါ ဓားထိုးမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်တပ်နှင့် အရပ်ဝတ်ရဲများသည် မြန်မာ့စီးပွားရေးဘဏ်အနီး တစ်ဝိုက်တွင် လုံခြုံရေးအင်အား ထပ်မံတိုးချဲ့ထားသည့်အပြင် အိမ်စီးကား Honda fit အနက်ရောင်ဖြင့် ဆန်ဆိုင်း (က) ရပ်ကွင်းအတွင်းသို့ လာရောက်လှည့်ပတ်နေကြောင်း ဒေသခံများက ပြောသည်။

တာချီလိတ်မြို့အတွင်းတွင် လူဆိုးသူခိုးဓားပြများ ပေါများနေသည့်အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ဟောင်လိတ်နယ်မြေရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရဲဒု-တပ်ကြပ် ကျော်ဆန်းလင်းဆိုသူလည်း ကားတိုက်ခံရပြီး သေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...