နမ္မတူတွင် ဓားပြ ပစ္စည်းလုယက်မှု ဖြစ်ပွား

နမ္မတူတွင် ဓားပြ ပစ္စည်းလုယက်မှု ဖြစ်ပွား
ပုံစာ - နမ္မတူမြို့ထဲ ပစ္စည်းလုတဲ့လူငယ်ကို ဝိုင်းဖမ်းတဲ့ပုံ
ပုံစာ - နမ္မတူမြို့ထဲ ပစ္စည်းလုတဲ့လူငယ်ကို ဝိုင်းဖမ်းတဲ့ပုံ

သျှမ်းမြောက် နမ္မတူမြို့တွင် ဓားထောက်ဓားပြတိုက်မှု၊ ပစ္စည်းလုယက်မှု (၂) ရက်ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၅) ရက်နေ့ နမ္မတူ−လားရှိုးလမ်း နမ္မတူမြို့အထွက် (၆) မိုင်တွင် အမျိုးသမီး နှင့် ကလေးငယ်စီးလာသည့်ဆိုင်ကယ်အား လူတစ်စုမှ ဓားထောက်ကာ ဆိုင်ကယ် ယူဆောင်သွားခဲ့ပြီး၊ အောက်တိုဘာ ၆ ရက် ညနေပိုင်းတွင်လည်း နမ္မတူမြို့တွင်းတွင် ဖုန်းလုယူထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

“နမ္မတူမြို့အထွက် (၆) မိုင်မှာ အမျိုးသမီးနဲ့ကလေး စီးလာတဲ့ ဆိုင်ကယ်ကို ဓားထောက်ပြီး ဆိုင်ကယ် ယူသွားခဲ့တာ၊ သူတို့ (ဓားပြ) တဲ့သူက (၃) ယောက်လို့တော့ ပြောတယ်၊ အတိအကျတော့ မသိရသေးဘူး၊ မနေ့က ညနေပိုင်းလည်း မြို့ထဲမှာ ဖုန်းလုပြေးသွားသေးတယ်” ဟု နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူတွင် ဓားထောက်လုယက်မှု၊ ဓါးပြတိုက်မှုများသည် ယခင်နှစ်များတွင်လည်း ဖြစ်ပွားလေ့ရှိသော်လည်း ယခုရက်ပိုင်းတွင် ပိုမိုများပြားလာခဲ့တာဖြစ်ကြောင်း အဆိုပါဒေသခံက ဆိုသည်။

ထိုပစ္စည်းလုယက်သူများသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်နေသည့် ဒေသခံလူငယ်များသာဖြစ်ပြီး အောက်တိုဘာ ၇ ရက်တွင် တရားခံတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဒီလိုဖြစ်နေတာက အဓိကမြင်မိတာတော့ မူးယစ်ဆေးဝါးကြောင့်ပါ၊ နောက်ပြီး ကိုဗစ်ကာလဆိုတော့ အလုပ်အကိုင်မရှိတာတွေလည်း ပါတာပေါ့၊ ဓားထောက်ပြီး ဆိုင်ကယ်ယူသွားတဲ့သူတွေကလည်း ဒီဒေသက လူငယ်တွေပဲ၊ အသက် (၂၀) ဝန်းကျင်လောက်ပဲရှိတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ဓားထောက်ကာ ဆိုင်ကယ်လုယူသွားသည့် လူငယ်တစ်ဦးအား ယနေ့ နေ့လည်ပိုင်းတွင် ဒေသခံတို့မှ ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နမ္မတူမြို့တွင် ယခုနှစ်အတွင်း ဓားထောက်ပစ္စည်းလုယက်မှု (၃) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး နေအိမ်တွင်း ဝင်ရောက်ခိုးယူမှုများ ပိုမိုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့က သျှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်ကောင်းကျေးရွာတွင်လည်း အမျိုးသမီးတစ်ဦး ဓါးပြတိုက်ခံခဲ့ရကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...