ပင်လုံမြို့ mask မတပ်သူများ ငွေကျပ် ၃ သောင်း ဒဏ်ရိုက်မည်

ပင်လုံမြို့ mask မတပ်သူများ ငွေကျပ် ၃ သောင်း ဒဏ်ရိုက်မည်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ လမ်းသွားလမ်းလာရာတွင် Mask (နှာခေါင်းစည်း) မတပ်သူများကို ငွေကျပ် (၃) သောင်း ဒဏ်ရိုက် အရေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယခု ရက်ပိုင်း လွိုင်လင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများလာသောကြောင့် ပင်လုံမြို့တွင် ယမန့်နေ အောက်တိုဘာ (၆) ရက်ကစတင်ပြီး ဌာနဆိုင်ရာများက လမ်းတွင် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခုက ပိုးတွေ့လူနာအရမ်းများလာတယ်။ ပြီးတော့ ပြည်သူတွေက Mask (နှာခေါင်းစည်း) မတပ်ဘဲ ထွက်သွားလာသူတွေက အရမ်းများလာတယ်။ ဒါကြောင့် ဌာနဆိုင်ရာတွေကနေ လမ်းပေါ်မှာ ထွက်ပြီးစစ်ဆေးမှုပြုလုပ်တာ။ မနေ့က မှဘဲ စပြီးပြုလုပ်တာ။” ဟု ပင်လုံမြို့ ပရဟိတအဖွဲ့က ပြောသည်။

ထိုသို့ Mask မတပ်သူများကို ဆေးရုံတွင် ကိုဗစ်-၁၉ ပိုးရှိ/မရှိ စစ်ဆေးခိုင်းပြီး၊ အစစ်မခံပါက ငွေကျပ် (၃) သောင်း ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း၊ အစစ်ခံပါက ငွေကျပ် (၅) ထောင်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

“Mask မတပ်ဘဲ သွားလာသူတွေကို ဆေးရုံမှာ ကိုဗစ် ရှိ၊ မရှိ စစ်ဆေးခိုင်းမှာပေါ့။ RDT နဲ့ စစ်ဆေးခံရမယ်။ တကယ်လို့ အစစ်မခံရင်တော့ ငွေကျပ် (၃) သောင်းပေးဆောင်ရမယ်။ ဒါမဲ့စစ်ဆေးခံရင်တော့ စစ်ဆေးခ (၅) ထောင်လောက် ကုန်ကျမယ်။ ဒီကုန်ကျစရိတ်ကို မတက်နိုင်တဲ့သူရှိရင် ကျနော်တို့က ထောက်ပံ့ပေးပါတယ်။” ဟု ပင်လုံမြို့ ကိုဗစ်-၁၉ ပရဟိတအဖွဲ့က ပြောသည်။

ထိုသို့ ဒဏ်ငွေရိုက် စစ်ဆေးမှုကြောင့် ကိုဗစ်-၁၉ ကူးစက်မှုကို လျော့ကျနိုင်မည်ဆိုပါက ဆက်လက်လုပ်ဆောင်သွားသင့်ကြောင့် ပင်လုံမြို့ဒေသခံတဦးက ပြောသည်။

“ကျမတို့လည်းမနေ့က ကြားတယ်။ ကောင်းတယ် သူတို့ဒီလို့ စစ်ဆေးပေးပြီးဒဏ်ရိုက်တာ။ ရှင်းရှင်းပြောရင် ကျမတို့မြို့ကလူတွေ စည်းကမ်းသိပ်မရှိကြဘူးလေ။ အဲလိုရိုက်ပြီး အရေးယူတာလည်းကောင်းပါတယ်။ ဒါမှဘဲ ကျမတို့မြို့မှာဘဲ ကိုဗစ် လျော့ကျမှာလေ” ဟု ပင်လုံမြို့ ဒေသခံက ပြောသည်။

ပင်လုံမြို့တွင် ယမန့်နေ့ အောက်တိုဘာ ၆ ရက်တွင် စတင်စစ်ဆေးရာတွင် mask မတပ်ဘဲ သွားလာသူ (၄၀) ဦးရှိကြောင်း သိရသည်။

လွိုင်လင်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၈၀၉) ရှိပြီး ဆေးရုံတွင်ကုသနေသူ (၁၆၆) နှင့် သေဆုံးသူ ၂၀ ဦးထိရှိကြောင်း သိရသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...