လားရှိုးမြို့ ဖမ်းဆီးခံရသည့် တအာင်းလူငယ် (၆) ဦး အဆက်သွယ်မရရှိသေး

လားရှိုးမြို့ ဖမ်းဆီးခံရသည့် တအာင်းလူငယ် (၆) ဦး အဆက်သွယ်မရရှိသေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) နှင့် တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC) မှ ဆရာများကို ယနေ့ အောက်တိုဘာ ၆ ရက်နေ့ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ထိုဖမ်းဆီးခံထားရသည့်သူများကို လက်ရှိတွင် စစ်ကြောရေးစခန်းတွင် တည်ရှိနေပြီး မည်သည်စစ်ကြောရေးစခန်းတွင် ရှိနေသည်ကို မသိရှိသေးကာ ယနေ့ချိန်ထိ အဆက်သွယ်မရရှိသေးကြောင်းကို (TEC) မှ ကျောင်းဆရာတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခုချိန်ထိ အဆက်သွယ်မရသေးဘူး။ ဘယ်နားရှိနေလဲမသိရဘူး။ စစ်ကြောရေးစခန်းမှာရှိနေတာတော့ သိတယ်။ ဘယ်စစ်ကြောရေးစခန်း ရှိနေလဲဆိုတာမသိဘူး။ အဆက်သွယ်လည်းမရဘူး။ ဘာအမှုနဲ့ ဖမ်းထားလည်းမသိရဘူး။” ဟု (TEC) မှ ကျောင်းဆရာတဦးက ပြောသည်။

ထိုအပြင် ဖမ်းဆီးခံထားရသည့် လူငယ် (၆) ဦးကို လာရှိုးမြို့ ရဲစခန်းများ စသည့်နေရာများတွင် စုံစမ်းကြည့်သော်လည်း မည်သည်နေရာတွင် ရှိနေကြောင်းကို မသိရသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် လူငယ်များသည် စစ်ကောင်စီ၊ နွေဦးတော်လှန်ရေးနှင့် ပတ်သတ်သည့်သူများမဟုတ်ကြောင်း၊ ပညာရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် သူများသာဖြစ်ကြောင်း သိရသည်။

“သူတို့က စစ်ကောင်စီတွေနဲ့ ဒီတော်လှန်ရေးတွေနဲ့ ဘာမှပတ်သတ်တာမရှိဘူး။ ဘာကြောင့်ဖမ်းသွားတာလဲ ခုချိန်ထိ မသိရသေးဘူး။ သူတို့က ပညာရေးနဲ့ပတ်သတ်ပြီးတော့ဘဲ လုပ်တာ။ သူတို့ကို အမြန်ဆုံး ပြန်လွှတ်လာပေးစေချင်တယ်” ဟု အထက်ပါကျောင်းဆရာက ဆိုသည်။

ထိုလူငယ်များကို ဖမ်းဆီးသွားသောကြောင့် ကျေးလက်ဒေသ ပညာရေးအတွက် ထိခိုက်လာနိုင်သောကြောင့် အမြန်ဆုံးပြန်လွတ်လာပေးရန် အတွက် (TEC) ကျောင်းသားအဖွဲ့က တောင်းဆိုလိုက်သည်။

“ကျနော်တို့လူက ဘာအပြစ်မှမရှိဘူး။ သန့်သန့်ရှင်းရှင်းနေတဲ့သူတွေဖြစ်တယ်။ ပညာရေးပိုင်းကိုပဲလုပ်တာ။ သူတို့ ဒီလိုဖမ်းသွားတာက ကျနော်တို့ ကျေးလက်ဒေသတွေမှာအတွက် ပညာရေးက ထိခိုက်လာနိုင်တယ်။ အမြန်ဆုံး ပြန်လွှတ်ပးဖို့ လိုအပ်တယ်” ဟု (TEC) ကျောင်းသားအဖွဲ့က ပြောသည်။

အလားတူ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TEC) ကလည်း ထိုဖမ်းဆီးထားသည့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) ရုံးဝန်ထမ်းတဦး၊ တအာင်းပရဟိတပညာရေးဘော်ဒါဆောင် (TEC) ကျောင်းဆရာ (၅) ဦးနှင့်အတူ ရွှေဖီမြေသတင်းအေဂျင်စီ ရုပ်သံသတင်းထောက်တို့ကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်လာပေးရန်အတွက် အောက်တိုဘာ (၅) ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...