ဟုမ္မလင်းမြို့နယ် ကျေးရွာတချို့မှာ လုယက်မှုများဖြစ်ပေါ်နေဟုဆို

ဟုမ္မလင်းမြို့နယ် ကျေးရွာတချို့မှာ လုယက်မှုများဖြစ်ပေါ်နေဟုဆို

ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာတချို့တွင် လုယက်မှုများနှင့် ဓားပြတိုက်ခံရမှုများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောဆိုမှုများအရ သိရသည်။

“ကုန်စျေးနှုန်းတွေတက် လုပ်ငန်းကမပြေကြဆိုတော့ လုယက်မှုတွေတော့ မကြာခဏကြားနေရတယ်။ဟိုနေ့က နမ့်တော့မှာ ရွှေသွားရောင်းမို့တဲ့ အဲ့တာလမ်းမှာဓားပြတိုက်ခံရတာလို့ ကြားရပြန်ပြီ” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

လုယက်ခံရမှုများသည် နမ့်တောကျေးရွာသို့ သွားသည့်လမ်း ခုံတန်းကြီး၊ ကံကျော်ရကျေးရွာသွားသည့် လမ်းများတွင်ဖြစ်ပွားကြောင်းနှင့် တက်ခတ် ၊ပေကုန်း စသည့်ကျေးရွာများတွင် ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“ခုနောက်ပိုင်းဆို ၂ယောက်တည်းလည်းမလာရဲကြတော့ဘူး။ ဓားပြတိုက်ခံရတာ ၂ ဦး သုံးဦးရှိပြီ ရက်တွေကတော့ မတိမ်းမယိမ်းးတွေပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုလုယက်မှုသတင်းများ၊ ဓားပြတိုက်ခံရမှုသတင်းများနှင့် ပတ်သက်ပြီး အသေးစိတ်ကို ရှမ်းနီအသံက ဆက်လက်စုံစမ်းလျှက်ရှိသည်။

ဟုမ္မလင်းမြို့တွင် ရွှေတူးဖော်မှုကို အဓိကလုပ်ကိုင်နေကြပြီး အညာဒေသမှ ရွေ့ပြောင်းလုပ်သားများစွာလည်း လာရောက်လုပ်ကိုင်ကြသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...