မိုင်းကိုင်တိုက်ပွဲကြား ကျည်ထိမှန်အမျိုးသား သေဆုံး

မိုင်းကိုင်တိုက်ပွဲကြား ကျည်ထိမှန်အမျိုးသား သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသား (၄) ဦး လက်နက်ကြီးထိမှန်သည့် အမျိုးသား (၁) ဦး ယနေ့ အောက်တိုဘာ (၅) ရက် မနက်ပိုင်းမှာ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာ (၄) ရက် ညနေပိုင်းက မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုအတွင်း ကုန်းပေါင်းကျေးရွာမှာ လက်နက်ကြီးကျသဖြင့် မိသားစု (၄) ဦး ထိမှန်ပြီး မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ကုသမှုခံယူခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကျည်ထိမှန်ပြီး သေဆုံးသွားသည့်အမျိုးသား၏ ရင်ဘတ်တွင် လက်နက်ကြီးစ ထိမှန်ခဲ့ပြီး၊ ထိုလက်နက်ကြီးစကို မထုတ်နိုင်သည့်အတွက် သေဆုံးသွားကြောင်း သိရသည်။

“မနေ့က ကျည်ထိမှန်တဲ့ အမျိုးသား ဒီမနက်မှာပဲ ဆေးရုံမှာ ဆုံးသွားပါပြီ” ဟု မိုင်းကိုင်ဒေသခံတစ်ဦးက ပြောသည်။

မိုင်းထိပြီး သေဆုံးသွားသည့်သူမှာ အသက် (၃၀) ဖြစ်ပြီး ကုန်းပေါင်းကျေးရွာက ဒေသခံဖြစ်ကြောင်း စုံစမ်သိရှိရသည်။

“မနေ့က လက်နက်ကြီး ကျပြီး ထွက်ပြေးလာတဲ့ သူတွေ ကုန်းစုံဘုန်းကြီးကျောင်းမှာ ရောက်နေတယ်။ နေထိုင်စရာ နေရာမရှိတော့လို့ ထော်လဂျီပေါ်မှာပဲ နေနေရတယ်။ မိုးကာတွေ စားနပ်ရိကာတွေ အရေးပေါ် လိုအပ်နေတယ်” ဟု ကုန်းစုံဘုန်းကြီးကျောင်းက စစ်ရှောင်များကို ကူညီပေးသူ တစ်ဦးက ပြောသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် လက်ရှိ ပန်ကေတုကျေးရွာ ကုန်းစုံဘုန်းကြီးကျောင်းမှာ စစ်ရှောင်များ (၃၀၀၀) ဝန်းကျင်ခန့် ရောက်ရှိနေပြီး နေထိုင်ရန် နေရာအခက်ခဲဖြစ်နေကြောင်း သိရှိရသည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...