ဒီးမော့ဆိုတွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့

ဒီးမော့ဆိုတွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့

ဒီကနေ့ (အောက်တိုဘာ ၄ ရက်) မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် KA နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ သုံးကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF က ထုတ်ပြန်ချက်အရ သိရပါတယ်။

လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျောက် လမ်းကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မွန်းလွဲတစ်နာရီအချိန် ဒေါပိုးစီအနီးတစ်ဝိုက်မှာ တစ်ကြိမ်၊ ညနေပိုင်း သုံးနာရီခွဲအချိန် ဒေါခလိုက်လင်းအနီးတစ်ဝိုက်မှာ တစ်ကြိမ်၊ လွိုင်ကော်ကနေ ဒီးမော့ဆိုဖက်ကိုသွားတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ညနေ ငါးနာရီအချိန်  စံပြ (၅) မိုင်၊ (၆) မိုင်ကြားမှာတစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း သုံးကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဖက်မှ ကားတစ်စီးပျက်စီးခဲ့ပြီး၊ စစ်ကောင်စီတပ် (၄) ဦး သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က လူ၊ လက်နက်၊ ရိက္ခာ အပြည့်အစုံဖြင့် ယာဉ်တန်းတွေနဲ့ ဖရူဆို၊ ဘောလခဲနဲ့ ဖားဆောင်း မြို့နယ်ဖက်တွေကို အင်အားဖြည့်တင်းနေတဲ့ အခြေအနေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...