ဒီးမော့ဆိုတွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့

ဒီးမော့ဆိုတွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့

ဒီကနေ့ (အောက်တိုဘာ ၄ ရက်) မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် KA နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ သုံးကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF က ထုတ်ပြန်ချက်အရ သိရပါတယ်။

လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျောက် လမ်းကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မွန်းလွဲတစ်နာရီအချိန် ဒေါပိုးစီအနီးတစ်ဝိုက်မှာ တစ်ကြိမ်၊ ညနေပိုင်း သုံးနာရီခွဲအချိန် ဒေါခလိုက်လင်းအနီးတစ်ဝိုက်မှာ တစ်ကြိမ်၊ လွိုင်ကော်ကနေ ဒီးမော့ဆိုဖက်ကိုသွားတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ညနေ ငါးနာရီအချိန်  စံပြ (၅) မိုင်၊ (၆) မိုင်ကြားမှာတစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း သုံးကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဖက်မှ ကားတစ်စီးပျက်စီးခဲ့ပြီး၊ စစ်ကောင်စီတပ် (၄) ဦး သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က လူ၊ လက်နက်၊ ရိက္ခာ အပြည့်အစုံဖြင့် ယာဉ်တန်းတွေနဲ့ ဖရူဆို၊ ဘောလခဲနဲ့ ဖားဆောင်း မြို့နယ်ဖက်တွေကို အင်အားဖြည့်တင်းနေတဲ့ အခြေအနေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...