သိမ်ဇရပ်မှာ စစ်ကောင်စီလုံခြုံရေးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး

သိမ်ဇရပ်မှာ စစ်ကောင်စီလုံခြုံရေးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နှင့်မုပ္ပလင်ကြားရှိ ပျဉ်းကတိုးကုန်းလမ်းဆုံမှာ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီလုံခြုံရေးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ KNU တပ်မဟာ (၁) တာဝန်ရှိသူတွေက ပြောပါတယ်။

ယမန်နေ့ မနက် ၇ နာရီကျော်မှာ  စစ်ကောင်စီတပ် ခမရ (၂၀၇) မှ ယာဉ် ၂ စီးနှင့် ရဲကား ၁ စီး ပျဉ်းကတိုးကုန်းလမ်းဆုံကို ဖြတ်သန်းသွားစဉ် KNU တပ်မဟာ (၁)၊ တပ်ရင်း ၃ တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ လုံခြုံရေး ယာဉ်တန်း ဖြတ်သွားတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဟုတ်တယ်။ စစ်ကားနဲ့ ရဲကားတွေပါတယ်။ လူသေဆုံးတာ ထိခိုက်တာ ရှိတယ်" လို့ KNU တပ်မဟာ (၁) မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရကာ ကား ၁ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကမ်းနီးကျေးရွာ ခဝါချောင်းတံတားနှင့် ဝါးတားဂိတ်အကြားမှာ စစ်ကောင်စီယာဉ်တန်းကို KNU ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

 
 

 

 

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...