သိမ်ဇရပ်မှာ စစ်ကောင်စီလုံခြုံရေးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး

သိမ်ဇရပ်မှာ စစ်ကောင်စီလုံခြုံရေးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နှင့်မုပ္ပလင်ကြားရှိ ပျဉ်းကတိုးကုန်းလမ်းဆုံမှာ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီလုံခြုံရေးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ KNU တပ်မဟာ (၁) တာဝန်ရှိသူတွေက ပြောပါတယ်။

ယမန်နေ့ မနက် ၇ နာရီကျော်မှာ  စစ်ကောင်စီတပ် ခမရ (၂၀၇) မှ ယာဉ် ၂ စီးနှင့် ရဲကား ၁ စီး ပျဉ်းကတိုးကုန်းလမ်းဆုံကို ဖြတ်သန်းသွားစဉ် KNU တပ်မဟာ (၁)၊ တပ်ရင်း ၃ တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ လုံခြုံရေး ယာဉ်တန်း ဖြတ်သွားတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဟုတ်တယ်။ စစ်ကားနဲ့ ရဲကားတွေပါတယ်။ လူသေဆုံးတာ ထိခိုက်တာ ရှိတယ်" လို့ KNU တပ်မဟာ (၁) မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရကာ ကား ၁ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကမ်းနီးကျေးရွာ ခဝါချောင်းတံတားနှင့် ဝါးတားဂိတ်အကြားမှာ စစ်ကောင်စီယာဉ်တန်းကို KNU ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...