ဖားကန့်မြို့ အင်တာနက်သုံးစွဲခ တစ်နာရီ ၅၀၀၀ မှ တစ်သောင်းကျပ်ထိ မြင့်တက်လာ

ဖားကန့်မြို့ အင်တာနက်သုံးစွဲခ တစ်နာရီ ၅၀၀၀ မှ တစ်သောင်းကျပ်ထိ မြင့်တက်လာ

ဆက်သွယ်ရေး မိုဘိုင်းအင်တာနက်နှင့် ဝိုင်ဖိုင်များ ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့တွင် ဖုန်းဆိုင်အချို့ အင်တာနက်သုံးစွဲခွင့် ရသော်လည်း သုံးစွဲခ ပိုမိုမြင့်တက်လာကြောင်း ဒေသခံများမှ သိရသည်။

"ဆိုင်းတောင်မှာ ရှိတဲ့ဖုန်းဆိုင်မှာ အင်တာနက် ပိုက်ဆံပေးပြီး သုံးလို့ရတာတော့ ကြာပြီ။ အဲဒီဆိုင်က အစကတည်းကနေ ဂြိုလ်တုတပ်ထားပြီးသားဆိုတော့ အင်တာနက်ဖြတ်တောက်ခံရပြီးနောက်မှာ ဘေထည့်ပြီး သုံးတယ်။ ဒါပေမယ့် ဘာဖြစ်လာလဲဆိုတော့ စစ သုံးတုန်းက တစ်ရက်လုံးမှ ၁၀၀၀၀ ပေးရတယ်။ အဲနောက်ပိုင်း တစ်နာရီကို ၅၀၀၀ဆိုပြီး တက်သွားတယ်။ အခု နှစ်ပတ်လောက်ရှိပြီ တစ်နာရီ ၁၀၀၀၀ ပေးသုံးရပြန်ပြီ" လို့ ဒေသခံတစ်ဦးက ပြောသည်။

အင်တာနက်သုံးစွဲခ ပိုမိုမြင့်တက်လာသော်လည်း လာရောက်သုံးသူဦးရေ လျော့နည်းခြင်းမရှိဘဲ ပို၍များလာကြောင်း သိရသည်။

ထို့အပြင် လက်ရှိသုံးစွဲနေရသည့် အင်တာနက်လိုင်းသည် ဂြိုလ်တုဖြင့်ချိတ်ဆက်ပြီး သုံးနေရသည့်အတွက် တစ်နာရီလျှင် (၃) ဦးသာ သုံးခွင့်ပြုထားကြောင်းလည်း သိရသည်။

"မနက် ဆိုင်ဖွင့်ကတည်းကနေ ညနေဆိုင်ပိတ်တဲ့ထိ လူပြတ်တယ်ကို မရှိဘူး။ တစ်ခါတစ်လေကျရင် ကိုယ်သုံးမယ်ဆိုပြီး သွားတဲ့ချိန် လူပြည့်နေပြီဆိုရင် ၁နာရီလောက်ထပ်စောင့်ရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် အင်တာနက်သုံးခွင့်ရသော်လည်း Viber နှင့် Messenger သာ သေချာသုံးခွင့်ရကြောင်း Facebook ၊ Telegram များတွင် နိုင်ငံရေးနှင့်ဆိုင်သည့် ပိုစ်များတင်ခွင့်မရှိကြောင်းလည်း သိရသည်။

လက်ရှိ ဖားကန့်မြို့နယ်အတွင်း အချို့နေရာများတွင် Mytel card ဖြင့် လိုင်းသုံးခွင့်ရသော်လည်း ယခင်ကဲ့သို့ လိုင်းစွဲအား ကောင်းမွန်ခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်သည် ၂၀၁၅ ခုနှစ်မှစကာ အင်တာနက်သုံးစွဲခွင့်ရခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ဩဂုတ်လ (၂၀) ရက်နေ့မှစကာ အင်တာနက်လိုင်းများ ပြန်လည်ဖြတ်တောက်ခံထားရသည့် မြို့ဖြစ်သည်။

 
 

 

 

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...