နောင်းမီ ဝါရာဇွပ်ကျေးရွာကြား အာဏာသိမ်းတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

နောင်းမီ ဝါရာဇွပ်ကျေးရွာကြား အာဏာသိမ်းတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

တနိုင်း လီဒိုလမ်းမပေါ် နောင်းမီနှင့် ဝါရာဇွပ်ကျေးရွာ ၂ ခုကြားတွင် စစ်အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်လိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများပြောသည်။

“တိုက်ပွဲက အခုချိန်အထိဖြစ်နေတာ နာရီဝက်လောက်ရှိပြီ။ အစက မိုင်းခွဲသံအရင်ကြားရတယ်။ နောက်မှ လက်နက်ကြီးနဲ့ လက်နက်ငယ် ၂ ခုစလုံးပြန်ကြားရတယ်။ ဖြစ်နေတဲ့နေရာက နောင်းမီအကျော် ဘန်ကောက်ကျေးရွာရဲ့ အရင်ယုဇနကုမ္ပဏီနားမှာ ဖြစ်နေတာဟုတ်တယ်” ဟု ဒေသခံတစ်ဦး ပြောသည်။

ဝါရာဇွပ်ကျေးရွာအနီး မိုးကောင်းချောင်းတံတားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု နောင်းမီ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာ ဝါရာဇွပ်ကျေးရွအနီး မိုးကောင်းချောင်းတံတားတွင် လက်ရှိ ၆ နာရီအထိ လက်နက်သံများကြားနေရသည်ဟု ဒေသခံများ ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းကို KIA က စောင့်ကြိုဖောက်ခွဲခြင်းဖြစ်သောကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ညနေ ၅ နာရီ ဝါရာဇွပ်ကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ယနေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်က ဒွမ်ဘန်ကျေးရွာဘက်မှ ဖြတ်လာသောအဖွဲ့ဖြစ်သည်။

ဟူးကောင်း လီဒိုလမ်းပေါ် ကျေးရွာများတွင် လတ်တစ်လော စစ်ကောင်စီတပ်ဖွဲ့များက အင်အားအများအပြားချထားပြီး ရိက္ခာကားများ သယ်ယူနေကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...