ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ပြေး ဒု-တပ်ကြပ်တစ်ဦးကို ကရင်နီတပ်မတော်ထံအပ်နှံရန် စီစဉ်ထား

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ပြေး ဒု-တပ်ကြပ်တစ်ဦးကို ကရင်နီတပ်မတော်ထံအပ်နှံရန် စီစဉ်ထား
ဓာတ်ပုံ - KGZ
ဓာတ်ပုံ - KGZ

ကရင်နီပြည်နယ် လွိုင်ကော်-ဒီမော့ဆိုမြို့နယ်ကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထွက်ပြေးလာတဲ့ ဒု-တပ်ကြပ်အဆင့်ရှိသူတစ်ဦးကို အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၃ နာရီမှာ Karenni Generation Z (KGZ) အထူးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ကရင်နီတပ်မတော် (KA) ထံ အပ်နှံသွားမယ်လို့ KGZ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ညနေ ၃ နာရီလောက်ကပေါ့နော။ သူ့ကို ဘယ်လိုဖမ်းမိလဲဆိုတော့ တပ်ကနေ ပြေးလာတဲ့ပုံစံနဲ့ ဖမ်းမိတယ်။ သူ့မှာ လက်နက်တွေ ခဲယမ်းတွေမပါဘူး။ သူ့ရဲ စစ်တပ်ဝတ်စုံနဲ့ပဲ ဖမ်းမိတယ်။ ကျနော်တို့ KGZ က Volunteer Fighter တွေဆိုတော့ ကျနော်တို့ရဲ့ မိခင်တပ်ရင်းတွေရှိတယ်။ KA ရှိတဲ့အတွက်ကြောင့် KA လက်ထဲပဲအပ်မယ်ပေါ့။ အဲ့လိုတော့ စီစဉ်ထားတယ်” လို့ KGZ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“သူက အဆရ (၁၀) ပေါ့နော အဆင့်မြှင့်ဆက်သွယ်ရေးဆိုတဲ့ တောင်ကြီးတပ်ရင်း ၁၀ ကနေလာတယ်။ မိုးဗြဲမှာဖြစ်တဲ့တိုက်ပွဲမှာ သူတို့ကိုယ်တိုင်ပါခဲ့ကြတယ်။ စစ်တပ်ကနေ ၃၅ ယောက်ကျတယ်။ ဘယ်လိုအနေအထားနဲ့ တိုက်ခဲ့တယ် ထွက်ဆိုတယ်။ နောက်ပြီးတော့ စစ်တပ်မှာ မနေချင်ဘူးပေါ့နော။ ပြောရမယ်ဆို ကျနော်တို့ ကယားပြည်နယ်ကိုရောက်တာ ၂ ရက်ပဲရှိသေးတယ်။” လို့ ၎င်းက ဆက်ပြောပါတယ်။

KGZ ဖွဲ့စည်းထားပြီးနောက် ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီး ဒလန်ဖော်ထုတ်မှုအပိုင်းမှာလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

KGZ အထူးတပ်ဖွဲ့အနေနဲ့ တော်လှန်ရေးမအောင်မချင်း အာဏာရှင်ကို ဆက်လက်တွန်းလှန်သွားမယ်လို့ ဆိုပါတယ်။

“ပြည်သူအိုးအိမ်တွေ အများကြီးပျက်စီးခဲ့တဲ့အတွက် ကျနော်တို့ လက်စားပြန်ချေမယ်။ တော်လှန်ရေးမအောင်မချင်း ကျနော်တို့တိုက်မယ်။ ကျနော်တို့အသက်တွေ သေချင်ရင်လည်းသေတယ်။ ရှင်လည်းရှင်မယ်။ အဲ့တော့ မနိုင်မချင်း ဒီတော်လှန်ရေးကိုလုပ်နေမှာပါ။ KGZ ရဲဘော်တွေက အာဏာရှင်ကို မကြိုက်တဲ့အတွက်ကြောင့် အာဏာရှင်ကိုတွန်းလှန်မယ့် ဘယ်နေရာမှာမဆို ပါဝင်နေမယ်။ ကျနော်တို့အသက်တွေအိုသွားလည်း ဆက်ပြီးတွန်းလှန်နေမယ်။ ဒါလေးကို ဖြည့်စွက်ပြောချင်ပါတယ်“ လို့ KGZ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာ KGZ အထူးတပ်ဖွဲ့ကို ဖွဲ့စည်းထားတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် ၊ KNDF ၊ PDF တို့နဲ့ မဟာမိတ်ဖွဲ့ထားပြီး နယ်မြေရှင်းလင်းရေး၊ ဒလန်ဖော်ထုတ်ရေး၊ စစ်ကောင်စီနဲ့တိုက်ခိုက်ခြင်း စတဲ့ဆောင်ရွက်ချက်တွေကို အဓိကလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 
 

 

 

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...