ကျောက်တော်-ပလက်ဝသွားလာနေသည့် စက်လှေများ အလှည့်ကျစနစ်ဖြင့်သာ ပြေးဆွဲနေရ

ကျောက်တော်-ပလက်ဝသွားလာနေသည့် စက်လှေများ အလှည့်ကျစနစ်ဖြင့်သာ ပြေးဆွဲနေရ

ကျောက်တော်-ပလက်ဝသွားလာနေသည့် စက်လှေများမှာ အလှည့်ကျစနစ်ဖြင့်သာ ပြေးဆွဲနေရကြောင်း စက်လှေပြေးဆွဲနေသူများထံမှ သိရသည်။

ယင်းရေကြောင်းလိုင်းတွင်ပြေးဆွဲနေသည့် စက်လှေ ၂၈ စီးရှိပြီး အလှည့်ကျပြေးဆွဲနေရသဖြင့် အလှည့်ရောက်ရန် လနှင့်ချီစောင့်ဆိုင်းနေရကြောင်း စက်လှေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးရွှေသိန်းနိုင်က DMG သို့ ပြောသည်။

“သူတို့က အလှည့်ကျခွင့်ပြုပေးတယ်။ စက်လှေက နှစ်ဆယ်ကျော်ဆိုတော့ အလှည့်ရောက်ဖို့ အကြာကြီးစောင့်ရပါတယ်။ ကျွန်တော်ဆိုရင် အလှည့်မရောက်တာ နှစ်လလောက်ရှိနေပါပြီ။ တစ်ခါခွင့်ပြုရင် စက်လှေနှစ်စီးခွင့်ပြုပါတယ်။ အဲဒီစက်လှေတွေပြန်ရောက်မှ တခြားစက်လှေနှစ်စီးထွက်ခွင့်ပြုဖို့အတွက် တပ်မတော်ကတဆင့် အထက်ကိုစာတင်ပြရတယ်လို့ဆိုပါတယ်။ အဲဒါကျမှ နောက်စက်လှေနှစ်စီးက ထွက်ခွင့်ရတာပေါ့” ဟု ၎င်းကပြောသည်။

မြန်မာ့စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်-ပလက်ဝရေလမ်းကြောင်းကို ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့သည်။

ထိုသို့ပိတ်ထားသည့် ပလက်ဝမြို့နယ်မှ ဒေသခံများအပါအဝင် မြို့မိမြို့ဖများက ယင်းရေလမ်းကြောင်းကိုသွားလာခွင့်ပြုရန် ပြီးခဲ့သည့်မေလအတွင်းက တင်ပြတောင်းဆိုခဲ့သဖြင့် စက်လှေများကို အလှည့်ကျစနစ်ဖြင့်ပြေးဆွဲခွင့်ပြုရရှိလာခြင်းဖြစ်သည်။

“စက်လှေတွေကို သွားခွင့်ပြုထားပေမယ့်လည်း ဘိလပ်မြေ၊ သံ၊ အုတ် အဲဒီလိုကုန်ပစ္စည်းတွေကို တင်ခွင့်မပြုသေးပါဘူး။ စားသောက်ကုန်လောက်ပဲ တင်ခွင့်ရတာပါ။ ပြီးတော့ စက်လှေထွက်ရင် သူတို့ဆီမှာ စစ်ဆေးတာခံရပါသေးတယ်” ဟု ဦးရွှေသိန်းနိုင်က ပြောသည်။

ပလက်ဝမြို့နယ်၊ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းစိုးကလည်း စက်လှေများမှာ အလှည့်ကျစနစ်ဖြင့်သွားလာနေရကြောင်း DMG သို့ အတည်ပြုပြောဆိုသည်။

ကျောက်တော်-ပလက်ဝရေကြောင်းကို ပုံမှန်သွားလာခွင့်မရှိသေး၍ ပလက်ဝမြို့နယ်အတွင်း ကုန်စျေးနှုန်းကျဆင်းခြင်းမရှိသေးကြောင်း ပလက်ဝမြို့မှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ပလက်ဝမှာ လမ်းကပုံမှန်အတိုင်းမဖြစ်သေးဘူူး။ စက်လှေတချို့ပဲ ခွင့်ပြုချက်နဲ့သွားခွင့်ရနေတာဆိုတော့ ကုန်စျေးနှုန်းကလည်း တက်တာပေါ့။ ပလက်ဝနဲ့ ကျောက်တော်ကို ကုန်ပစ္စည်းသွားတင်တာ အသွားအပြန်အဆိုရင် သုံးရက်လောက်ကြာတယ်” ဟု ၄င်းက DMG သို့ပြောသည်။

ပလက်ဝမြို့နယ်အတွင်း ဓါတ်ဆီ ၁ လီတာကို ငွေကျပ် နှစ်ထောင့်ငါးရာ၊ ဆန်တစ်အိတ်ကို ခြောက်သောင်းကျော် စသဖြင့် ပေးဝယ်ရကြောင်း ဒေသခံများကပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံများမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ စားသောက်ကုန်ပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်းများကိုပါ အဓိကဝယ်ယူသုံးစွဲနေကြရခြင်းဖြစ်သည်။

Photo - Social Media

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...