စစ်ကောင်စီက ခွင့်ပြုရင် ဈေးတွေပြန်ဖွင့်ပေးမယ်လို့ စည်ပင်ပြော

စစ်ကောင်စီက ခွင့်ပြုရင် ဈေးတွေပြန်ဖွင့်ပေးမယ်လို့ စည်ပင်ပြော

မွန်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် လအတော်ကြာ ပိတ်ထားရတဲ့ဈေးတွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ သက်ဆိုင်ရာ ဈေးကော်မတီတွေက တောင်းဆိုနေပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ဈေးတွေမှာ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပေးအပ်ထားပြီး ကျန်ကုန်ပစ္စည်းတွေကိုတော့ ရောင်းချခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ဈေးတွေကို ပုံမှန်အတိုင်း ဖွင့်လှစ်ခွင့်ပေးဖို့ တောင်းဆိုလာတာတဲ့အတွက်ကြောင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီကို တင်ပြထားတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။

“ဈေးကော်မတီက ပြန်ဖွင်ပေးဖို့ တောင်းဆိုလာကြတယ်၊ ဒါကိုတော့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကို တင်ပြပေးထားတယ်၊ ပြည်နယ်က ဆုံးဖြတ်ချက်ကျရင် ပြန်ဖွင့်ပေးသွားမယ်”လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဈေးတွေ လချီပိတ်ထားရတဲ့အတွက်ကြောင့် ဈေးတွေအပေါ် မှီခိုရပ်တည်နေတဲ့ မိသားစု ထောင်နဲ့ချီပြီး စားဝတ်နေရေး အခက်အခဲရှိလာသလို အချို့ဆိုင်ပိုင်ရှင်တွေက ဖွင့်လှစ်ခွင့်မရလို့ ဆိုင်ခန်းတွေ ပြန်အပ်လာကြတာ ဖြစ်ပါတယ်။

“ဈေးတွေပိတ်ထားရတော့ အခက်အခဲကတော့ တော်တော်များများရှိကြပါတယ်။ ပိတ်တဲ့ရက်ကလည်း ရှည်သွားတယ်လေ။ အခုဆိုရင် ဈေးထဲမှာ ဆိုင်ခန်းအတော်များများလျော့သွားကုန်ပြီး” လို့ မော်လမြိုင် အမှတ် (၁) ဈေးကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက ဈေးတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကစပြီး ကိုဗစ်ကပ်ရောဂါကြောင့် ဆေးဝါးနဲ့ အခြေခံစားကုန်ဆိုင်တွေက လွဲပြီး ကျန်ကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်တွေ အားလုံး ပိတ်ထားခဲ့ရတာပါ။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...