ဒလန်ဟုယူဆရတဲ့ ၅ ဦးကို ကရင်နီပြည်ရဲအချုပ်မှာ ချုပ်နှောင်ထားကြောင်း KSP ထုတ်ပြန်

ဒလန်ဟုယူဆရတဲ့ ၅ ဦးကို ကရင်နီပြည်ရဲအချုပ်မှာ ချုပ်နှောင်ထားကြောင်း KSP ထုတ်ပြန်

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) မှ သက်ဆိုင်ရာအဖွဲ့တွေနဲ့  ပူးပေါင်းပြီး ဒလန်ဟု ယူဆရတဲ့ မသင်္ကာသူ ကျား (၉) ဦးနဲ့ မတစ်ဦးအား ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းရာမှ သက်သေအထောက်အထားအရ ခိုင်လုံမှုရှိတဲ့ ကျား ၅ ဦးကို ကရင်နီပြည်နယ်ရဲအချုပ်မှာ ချုပ်နှောင်ထားပြီး လိုအပ်သလို ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်း ဒလန်လို့ယူဆရတဲ့ ကျား ၉ ဦးနဲ့ မတစ်ဦးကို စစ်ဆေးမေးမြန်းရာမှ ကျား ၄ ဦး၊ မတစ်ဦးမှာ သက်သေအထောက်အထား ပြည့်စုံခိုင်လှုံမှုမရှိတဲ့အတွက် သက်ဆိုင်ရာမိသားစုထံ ကောင်းမွန်စွာ ပြန်လည်လွဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ကြားကာလမှာ KSP အနေနဲ့ ရာဇဝတ်နှိမ်နင်းရေး၊ ရိမ်းဂျားကယ်ဆယ်ရေး၊ လူထုလုံခြုံရေး၊ မှုခင်းနဲ့ ရုံးအဖွဲ့၊ ထောက်လှမ်း စတဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဖက်ဒရယ်စနစ်ကိုအခြေခံကာ ပြည်သူလူထုကို ဗဟိုပြုလျက် တရားဥပဒေစိုးမိုးရေး လုံခြုံရေးနဲ့ ဝန်ဆောင်မှုများ ပေးနိုင်ဖို့ စတဲ့ရည်ရွယ်ချက်နဲ့ စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်တဲ့ CDM ရဲ (၃၂၀) ဦးပါဝင်တဲ့  ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ကို

ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ဖွဲ့စည်းလိုက်တယ်လို့ ဩဂုတ်လ (၂၅) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

KSP မှ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ဘဝလုံခြုံရေးအတွက် အမှန်တကယ်စောင့်ရှောက်သွားမယ့် စံပြ ပြည်သူရဲများအဖြစ် တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့လိုအပ်ချက်အရ လုပ်ငန်းစဉ်ချမှတ်ပြီး အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။

 
 

 

 

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...