မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ထပ်မံဖြစ်ပွား

မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ထပ်မံဖြစ်ပွား

မြန်မာ-တရုတ်နယ်စပ် မုံးကိုးမြို့နယ်ခွဲ ကောင်းဒပ်ရွာနဲ့ ကောင်းလုံကျေးရွာကြားမှာ ယနေ့ နံနက် ၁၁ နာရီခန့်ကစတင်ပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား တိုက်ပွဲထပ်မံဖြစ်ပွားနေတယ်လို့ စစ်မြေပြင်အနီးမှာနေထိုင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခုလေးတင် အသံပြန်ကြားနေရတယ်။ လက်နက်ကြီး။ အမြှောက်ကြီး။ နှစ်ခါ သုံးခါ ကြားနေရပြီ။ ခုလည်း တော်တော်ပစ်နေကြတယ်။ လက်နက်အကြီး၊ အသေး အသံတော်တော် ကြားနေရတယ်။” ဟု နှစ်ဖက်ပစ်ခတ်မှု ပြင်းထန်လာနေကြောင်း သူက ပြောပါတယ်။

ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သော ကောင်းဒပ်ရွာနဲ့ ကောင်းလုံကြားဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းတိုးဝင်လာတဲ့အတွက် ယနေ့မှာလည်း အဲဒီနေရာမှာပဲ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ထပ်ပြောပါတယ်။

“မနေ့က ဖြစ်တဲ့နေရာပဲ။ ဒီမနက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတက်လာလို့ မနေ့ကနေရာမှာပဲ ပြန်ဖြစ်တာ။ စစ်ကောင်စီတပ်က မုံးကိုးဘက်ကတက်လာတာ ကောင်းဒပ်ကို နည်းနည်းကျော်လာတာနဲ့ အသံကြားလာတာ။ ဒီမနက်တော့ အင်အား ၆၀ ခန့် ပြန်လှုပ်ရှားတက်လာတယ်။” လို့ သူက ထပ်မံရှင်းပြပါတယ်။

ယမန်နေ့တိုက်ပွဲမှာ ကိုးကန့်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ်ရှိနေတဲ့နေရာကိုမရောက်ဘဲ လယ်ကွင်းမှာ ကျွဲကျောင်းသူ လူငယ်တစ်ဦးကို လက်နက်ကြီးကျည်စ စင်မိသွားပေမယ့် မပြောစလောက်ဒဏ်ရာသာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ကောင်းလုံအုပ်စုဘက်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ နဲ့ ၂၉ တို့မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် အကျအရှုံးများခဲ့သော နေရာလည်းဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် အနီးနား ကျေးရွာပေါင်း ၇ ရွာခန့်က ဒေသခံပြည်သူ ၇၀၀ ကျော်ဟာ မုံးကိုးမြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်သည်။

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...