မုံးကိုးမြို့နယ်က လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တဲ့ ၉ နှစ်အရွယ် ကလေးသေဆုံး

မုံးကိုးမြို့နယ်က လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တဲ့ ၉ နှစ်အရွယ် ကလေးသေဆုံး

မုံးကိုးမြို့နယ် ပူဝမ်ကျေးရွာအုပ်စု မန်ခါးကျေးရွာမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တဲ့ ၉ နှစ်အရွယ်ကလေးမှာ ဆေးရုံမသွားနိုင်တဲ့အတွက် စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်မှာ သေဆုံးသွားပြီလို့ သိရပါတယ်။

"ဆေးရုံကို သွားခေါ်သွားလို့ အဆင်မပြေဘူး။ မခေါ်သွားနိုင်ခဲ့ဘူး။ ကလေးက မနေ့ည သေဆုံးသွားပြီ။ ၉ နှစ်အရွယ် မာဘုံ။ ကလေးကိုတော့ မနေ့ညနေပဲ သင်္ဂြိုလ်လိုက်ပြီ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သံလွင်မြစ်အရှေ့ဘက် လောက်ကိုင်အခြေစိုက် စစ်ကောင်တပ်ဘက်က စက်တင်ဘာ ၂၇ ရက်ည ၁၀ နာရီခန့်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးသည် မန်ခါးရွာရှိ အရပ်သား ပြည်သူ နေအိမ်တစ်အိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မိခင် နဲ့ ကလေး ထိခိုက်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ကန့်သတ်ချက်နဲ့ ဒေသတွင်း စစ်ရေးတင်းမာမှု အခြေအနေများကြောင့် ဆေးရုံဆေးခန်း သွားလာရန် ခက်ခဲသဖြင့် မသွားနိုင်ခဲ့ကြောင်း ဆိုပါတယ်။

"အမေဖြစ်သူရဲ့ ခြေထောက်ကကျည်က ဒီနေ့မှထုတ်နိုင်မယ်။ သူတို့ဆီမှာ ဆရာဝန်ပါလာတယ်။ ကိုးကန့်တွေ" လို့ သူက ထပ်မံရှင်းပြပါတယ်။

အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီဘက်က ကိုးကန့် MNDAA တပ်ရှိရာဘက်ကို အင်အားဖြည့် စစ်ကြောင်းတိုးမြင့်နေပြီး ပစ်ခတ်တိုက်ခိုက်မှုများလည်း နေစဉ်နီးပါး ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲများကြောင့် မုံးကိုးမြို့နယ်နဲ့ ပန်ဆိုင်း မြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ရှိနေပြီး လက်နက်ကြီးကျည်ကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး၊ မိုင်းနင်းမိခြင်းကြောင့် သေဆုံးသွားသူ ၁ ဦး ရှိပြီဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထပ်ဆင့်ခံစားနေရလို့ ကူညီထောက်ပံ့မှု အလွန်လိုအပ်နေကြောင်းလည်း သိရပါတယ်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...