စက်သုံးဆီများကို သတ်မှတ်ထားသည့် စက်သုံးဆီဆိုင်များတွင် စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထား

စက်သုံးဆီများကို သတ်မှတ်ထားသည့် စက်သုံးဆီဆိုင်များတွင် စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထား

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် သတ်မှတ်ထားသည့်စက်သုံးဆီဆိုင်များမှ စက်သုံးဆီများကို ပြည်သူများအနေဖြင့် သက်သာသောစျေးနှုန်းဖြင့်ဝယ်ယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းကာ ပြည်သူများစျေးနှုန်းသက်သာစွာ စက်သုံးဆီဝယ်ယူနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ တိုက်ရိုက်ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် သတ်မှတ်ထားသောစျေးနှုန်းဖြင့် ရောင်းချပေးနေသည့် အရောင်းဆိုင်များစာရင်းနှင့် စျေးနှုန်းများကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သတ်မှတ်ထားသောစျေးနှုန်းဖြင့် ရောင်းချပေးနေသော စက်သုံးဆီစျေးနှုန်းနှင့်အရောင်းဆိုင်လိပ်စာများကိုလည်း ပြည်သူများသိရှိဝယ်ယူနိုင်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝယ်ယူသုံးစွဲသည့်ပြည်သူများအနေဖြင့် သတ်မှတ်စျေးနှုန်းဖြင့် ဝယ်ယူရရှိခြင်းမရှိပါကတိုင်ကြားနိုင်ပြီး လက်ရှိတွင် တိုင်ကြားမှုများမရှိသေးကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူ ဦးနိုင်ဦးက DMG သို့ပြောသည်။

“ကျနော်တို့ကတော့ လုပ်ငန်းကော်မတီဖြစ်တဲ့အတွက် ဖုန်းနံပါတ်ကလေးတော့ ပေးထားတယ်။ ၂၆ ရက်နေ့ ထုတ်ပြန်ချက်မှာပါတဲ့ဆိုင်တွေကို နာမည်တွေ၊ လိပ်စာတွေအကုန်လုံး ကျနော်တို့ပေးထားပါတယ်။ ပေးထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ ပိုရောင်းတာတွေရှိရင် ပြေစာအထောက်အထားတွေနဲ့ စုံစုံလင်လင်တိုင်ကြားနိုင်တယ်။ ပြီးရင်အထက်ဌာနကို ကျနော်တို့က တင်ပြပါတယ်။ တိုင်လာတဲ့အမှုတွေကို သက်ဆိုင်ရာကော်မတီတွေ စားသုံးသူရေးရာဝန်ကြီးဌာနတို့နှင့်ချိတ်ဆက်ပြီးတော့ စီစဉ်ဆောင်ရွက်မှာပါ။ အခုလက်ရှိတော့ တိုင်ကြားထားတာတွေ တစ်ခုမှမရှိသေးဘူး” ဟု ၄င်းကပြောသည်။

ယင်းသို့ သတ်မှတ်စက်သုံးဆီစျေးနှုန်းအတိုင်း ရခိုင်ပြည်မှ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ စစ်တွေမြို့နယ်တို့ရှိ ကျော်ဇံစက်သုံးဆီဆိုင်များတွင်လည်းကောင်း၊ လင်းမူတောင်ဆိုင်တွင်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်ပြီး စက်သုံးဆီတစ်လီတာစျေးနှုန်းများကို ငွေကျပ် ၁၂၀၀ ဝန်းကျင် သတ်မှတ်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စျေးနှုန်းအတိုင်း ရခိုင်ရှိ ကျော်ဇံစက်သုံးဆီဆိုင်တွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ဝယ်ယူသုံးစွဲသည့်ပြည်သူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်းဆိုင်များတွင် ဖော်ပြစျေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီဖုန်း ၀၉-၆၆၄ ၀၇၅ ၆၈၃၊ ၀၉-၆၆၄ ၅၉၆ ၃၂၇၊ ၀၉-၆၈၁ ၆၃၅ ၉၄၃၊ ၀၉-၆၇၆ ၃၂၀ ၈၂၆ တို့အားလည်းကောင်း၊ စားသုံးသူဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဖုန်း ၀၁-၂၅၀ ၂၇၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း ၀၉-၄၂၁ ၀၀၆ ၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...