ညအပြင်ထွက်သူတွေကို ရဲဖမ်းဆီး၊ ငါးသောင်းတောင်းပြီး မနက်ပြန်လွှတ်ပေး

ညအပြင်ထွက်သူတွေကို ရဲဖမ်းဆီး၊ ငါးသောင်းတောင်းပြီး မနက်ပြန်လွှတ်ပေး

ပေါင်မြို့နယ်မှာ ည (၈) နာရီနောက်ပိုင်း အပြင်ထွက်သူတွေကို ရဲကဖမ်းဆီးပြီး မိသားစုကို ပိုက်ဆံငါးသောင်းနဲ့ လာရွေးခိုင်းကာ မနက်ကျ ပြန်လွှတ်ပေးခဲ့တယ်လို့ ကြုံတွေ့ခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပေါင်မြို့နယ်မှာတော့ ည (၈) နာရီကနေ မနက် (၄) နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက် ည (၈) နာရီနောက်ပိုင်း လမ်းပေါ်ထွက် သွားလာသူတွေကို ကင်းလှည့်နေတဲ့ ရဲနဲ့စစ်သားအဖွဲ့တွေက ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

”အဲနေ့ (စက်တင်ဘာ ၂၇) က ကျွန်တော်တို့သူငယ်ချင်းတွေ အိမ်မှာ ကာလသားထမင်းဟင်းချက်စားဖို့လုပ်နေတုန်း၊ ဟင်းခတ်အမွှေးအကြိုင်လိုလို့ဆိုပြီး အိမ်မှာ သူငယ်ချင်းနှစ်ယောက်နဲ့ သွားယူတာ လမ်းမှာပဲ ရဲနဲ့ စစ်သားက ဖမ်းသွားတယ်။ သွားတာ ည ၈ နာရီကျော်လောက်ပဲ၊ အိမ်ကို ဖုန်းဆက်ခိုင်းပြီး မနက်ကျရင် ပိုက်ဆံ ၅ သောင်းနဲ့ လာရွေးဖို့ပြောခိုင်းတယ်” လို့ ကြုံတွေ့ခဲ့သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် လူငယ်အချို့ကိုလည်း မသင်္ကာမှုနဲ့ ရဲကဖမ်းဆီးပြီး စခန်းရောက်တဲ့အခါ ငွေကြေးတောင်းခံတာတွေကို ပြုလုပ်နေတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက သံလွင်းတိုင်းမ်ကို ပြောပါတယ်။

”ကျွန်တော်တို့ ဖမ်းခံရတဲ့ အချိနိမတိုင်ခင်လောက်ပဲ ညနေ ၅ နာရီလောက်က လူနှစ်ဦးကို မသင်္ကာလို့ဆိုပြီး သူ့နေအိမ်ကနေ ဖမ်းလာတယ်၊ သူတို့ စစ်ဆေးနေတာလည်း တွေ့နေရတယ်၊ သူတို့မှာ အပြစ်မရှိဘူးဆိုတာလဲ လူငယ်တွေက ပြောနေကြတာပဲ၊ ဒါကို ရဲတွေက သူ့အိမ်ကို ဖုန်းဆက်ပြီး ငွေနဲ့လာရွေးဖို့ ပြောခိုင်းတယ်” လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက စက်တင်ဘာလအတွင်းမှာ စစ်ဆေးရေးကို ပိုမို တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာပါတယ်။

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...