လုပ်ကြံခံသေဆုံးခဲ့သည့် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ ယောက်ဖဖြစ်သူ သေနတ်ဖြင့် ထပ်မံလုပ်ကြံခံရ သေဆုံး

လုပ်ကြံခံသေဆုံးခဲ့သည့် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ ယောက်ဖဖြစ်သူ သေနတ်ဖြင့် ထပ်မံလုပ်ကြံခံရ သေဆုံး

လုပ်ကြံခံသေဆုံးခဲ့ရသည့် ဘီးလင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၏ ယောက်ဖတော်စပ်သူ ဦးသန်းဝင်းထွန်း ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် သေနတ်ဖြင့် ထပ်မံလုပ်ကြံခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

"သူ့အိမ်ရှေ့လမ်းထိပ်မှာရပ်နေတုန်းအပစ်ခံလိုက်ရတာ။ အရင်က သူ့ယောက်ဖ လုပ်ကြံခံရတယ်။ ၄ လအတိမှာ သူလည်း ထပ်လုပ်ကြံခံရတယ်။" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေသည်လည်း ပြီးခဲ့သည့်မေလ ၂၇ ရက်နေ့က အလူးလေးကျေးရွာရှိ ကြက်မောက်ခြံသို့ သွားရာလမ်းခရီးတွင် သေနတ်ဖြင့် လုပ်ကြံခံရပြီးနောက် ၄ လအတိမှာ ၎င်း၏ ယောက်ဖဖြစ်သူ ဦးသန်းဝင်းထွန်း ထပ်မံလုပ်ကြံခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဦးသန်းဝင်းထွန်းကို အမည်မသိလူတစ်စုကလာရောက်ပစ်ခတ်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်နေစဥ် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အလားတူ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ မွန်ပြည်နယ်ဥက္ကဋ္ဌ ဖြစ်သူ ဦးတိုးနိုင် (ခ) ဦးရန်ရှင်းသည်လည်း စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ကျိုက်ထိုမြို့တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ရသည်။

ဖေဖော်ဝါရီက စစ်အာဏာသိမ်းမှုဖြစ်စဥ်အပြီး မွန်ပြည်နယ်အတွင်း ဘီးလင်း၊ ကျိုက်ထို၊ သထုံနှင့် ရေးမြို့နယ်တို့တွင် ပြည်ခိုင်ဖြိုးပါဝတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ ဆက်တိုက်လုပ်ကြံခံနေရကြောင်း သတင်းများက ဖော်ပြနေသည်။

 
 

 

 

May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...