စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သူ သုံးဦးကို ထောင်ဒဏ်ချမှတ်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သူ သုံးဦးကို ထောင်ဒဏ်ချမှတ်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဆန္ဒပြခဲ့သူသုံးဦးကို ဂွမြို့နယ်တရားရုံးမှ ယနေ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူသုံးဦးမှာ ဂွမြို့နယ်မှ ဦးရဲခေါင်၊ ဦးလူနီနှင့် ကိုအောင်စိုးမိုးတို့ဖြစ်ပြီး ၎င်းတို့မှာ စစ်အာဏာသိမ်းမှုကိုအလိုမရှိကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယနေ့အမိန့်ချမှတ်ရာတွင် ဦးရဲခေါင်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့် ဘေးစီမံဥပဒေတို့အတွက် ထောင်ဒဏ် ၂ နှစ်နှင့် ၃ လ၊ ဦးလူနီကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ ကိုအောင်စိုးမိုးကို ဘေးစီမံဥပဒေဖြင့် ထောင်ဒဏ် ၅ လ အသီးသီးချမှတ်ခဲ့ကြောင်း မိသားစုထံမှ သိရသည်။

ကိုအောင်စိုးမိုး၏ ဇနီး မနန်းယုခိုင်က "သူတို့ကို ဒီနေ့အမိန့်ချမှတ်ပါတယ်။ ကိုအောင်စိုးမိုးက ဘေးစီမံပုဒ်မအရ ၅ လ ချမှတ်ခံရပါတယ်။ သူ့ချုပ်ရက် ၃ လကနေပြီး အာမခံနဲ့အပြင်မှာနေခဲ့တယ်။ ချုပ်ရက်တွေ ထုတ်နှုတ်ခံစားခွင့်ရတယ်လို့သိရတယ်"ဟု ပြောသည်။

ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခံရသော်လည်း အမှုအား အယူခံဝင်ရန်မရှိတော့ကြောင်း ဦးလူနီ၏သားဖြစ်သူ မြတ်ပိန်စိုးကပြောသည်။

"အယူခံဝင်ဖို့တော့ မရှိတော့ပါဘူးခင်ဗျ။ အခုသူတို့ကို သံတွဲထောင်သို့ ခေါ်ဆောင်သွားကြပြီ" ဟု ၎င်းကဆိုသည်။

စစ်တပ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒပြခဲ့သည့် တောင်ကုတ်မြို့နယ်မှ NLD ပါတီ အမတ်ဟောင်း ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကိုလဲ စက်တင်ဘာလ ၁၇ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ကျော်စီ ချမှတ်ခဲ့သည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...