စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေစျေးနှင့် ဒေါ်လာစျေး စံချိန်တင်မြင့်တက်လာနေ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေစျေးနှင့် ဒေါ်လာစျေး စံချိန်တင်မြင့်တက်လာနေ

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ရွှေစျေးနှင့် ဒေါ်လာစျေးနှုန်းများမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၁၆ ပဲ ရွှေတစ်ကျပ်သားကို ၁၄ သိန်း ၅ သောင်းဝန်းကျင်သာရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်လာနေပြီး ယင်းနောက်ပိုင်းတွင် ရွှေစျေးမှာ ဆက်တိုက်ဆိုသလို မြင့်လာခဲ့ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရွှေစျေးမှာ ၁၉ သိန်းခွဲကျော်အထိ စျေးနှုန်းမြင့်တက်လာနေခြင်းဖြစ်သည်။

ရွှေစျေးမှာ စက်တင်ဘာလအစောပိုင်းတွင် ၁၇ သိန်းအထိရှိရာမှ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ သုံးပတ်တာအတွင်း ၁၉ သိန်းငါးသောင်းဝန်းကျင်အထိ မြင့်တက်လာနေခြင်းလည်းဖြစ်သည်။

စစ်တွေမြို့ မြင့်ရတနာရွှေဆိုင်မှ ကိုညဏ်ထွန်းအောင် “မနေ့တော့ ၁၉ သိန်းနှစ်သောင်းလောက်ရောင်းနေပေမဲ့ ဒီနေ့တော့ နည်းနည်းတက်သွားပါတယ်။ ၁၉ သိန်း ၅ သောင်းအထိစျေးတက်လာပါတယ်” ဟု ၄င်းကပြောသည်။

ယင်းကဲ့သို့ ရွှေစျေးတက်ခြင်းကြောင့် ရွှေဆိုင်များတွင် အရောင်းလုံးဝကျဆင်းသွားခဲ့ကြောင်းလည်း ရွှေဆိုင်ပိုင်ရှင်များက ပြောကြသည်။

လက်ရှိ ရွှေအရောင်းဝယ်စျေးကွက်တွင် ရွှေဝယ်ယူသူများထက် ရွှေပေါင်နှံသူများက ပို၍များပြားလာကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ရွှေစျေးမြင့်တက်လာသကဲ့သို့ ဒေါ်လာစျေးလည်းမြင့်တက်လျက်ရှိခြင်းကြောင့် ကုန်စည်စျေးနှုန်းများ သိသိသာသာ မြင့်တက်လျက်ရှိနေသည်။

သီဒ္ဓီအောင်ရွှေဆိုင်မှ ကိုမျိုးမျိုးက “အခုက ဒေါ်လာစျေးတက်လာတော့၊ ရွှေစျေးလည်းတက်ပါတယ်။ အဓိကတော့ ဒေါ်လာစျေးကြောင့်တက်တာပါ။ ရွှေးစျေးနဲ့ ဒေါ်လာနဲ့ကမှီနေတာကို” ဟု ပြောသည်။

ဒေါ်လာစျေးနှုန်းမှာ အာဏာမသိမ်းမီက အမေရိကန်တစ်ဒေါ်လာကို ၁၃၅၇ ကျပ်မှ ယနေ့တွင် တစ်ဒေါ်လာလျှင် ၂၂၃၅ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...