ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်ကို စစ်တပ်ဖမ်းဆီး

ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်ကို စစ်တပ်ဖမ်းဆီး

ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် နေထိုင်သောရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်ကို စက်တင်ဘာလ ၂၅ ရက်နေ့ညတွင် စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

"CDM ဝန်ထမ်းတွေနဲ့ PDF တွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီး ဖမ်းဆီးသွားတာဖြစ်နိုင်တယ်" ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

ယခင်ကလည်း ဦးနေထက်သိန်းနိုင်ကို စစ်တပ်က ခေါ်ယူစစ်ဆေးမှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး PDF နှင့် NUG ကို ထောက်ပံ့မှုများ မပြုလုပ်ရန် သတိပေးထားကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

လတ်တလောတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံနေရသော မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စရိတ်အတွက် ငွေကြေးထောက်ပံ့ပေးခဲ့သည့် လုပ်ငန်းရှင်များအနက် ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်က အများဆုံးထည့်ဝင်ပေးခဲ့သူဖြစ်ကြောင်း ယခင်သတင်းများက ဖော်ပြခဲ့သည်။

ဦးနေထက်သိန်းနိုင်သည် ကျိုက်ထီးရိုးဒေသတဝိုက်တွင် ဟိုတယ်၊ စားသောက်ဆိုင်၊ မော်တော်ယာဉ်လိုင်းများအပါအဝင် လုပ်ငန်းများစွာ ပိုင်ဆိုင်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ခေတ်အဆက်ဆက်က အစိုးရတာဝန်ရှိသူများနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူတစ်ဦးဖြစ်သည်။

ကျိုက်ထိုမြို့နယ်၌ တရားမဝင်အသင်းများအား ထောက်ပံ့ပေးခဲ့သည့် သံသယရှိသူ စီးပွားရေးလုပ်ငန်းရှင် ၅ ဦးထက်မနည်းကို ယခုရက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

Photo - ကျိုက်ထီးရိုးက ရိုးရိုးလေးဟိုတယ်ကို တွေ့ရစဉ်

 
 

 

 

May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...