အစင်ကျေးရွာ YMBA အတွင်းရေးမှူး ဦးကျော်သူထွန်း သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသော်လည်း အသက်အန္တရယ်မှ လွတ်မြောက်

အစင်ကျေးရွာ YMBA အတွင်းရေးမှူး ဦးကျော်သူထွန်း သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသော်လည်း အသက်အန္တရယ်မှ လွတ်မြောက်

ရေးမြို့နယ် အစင်ကျေးရွာ YMBA အတွင်းရေးမှူး ဦးကျော်သူထွန်းအား စက်တင်ဘာ ၂၄ ညဦးပိုင်းက ၄င်းနေအိမ်သို့ အမည်မသိဆိုင်ကယ်စီး ၂ ဦး သေနတ်ဖြင့် လာရောက်ပစ်ခတ်လုပ်ကြံခံခဲ့ရာတွင် အသက်အန္တရယ်ဘေးမှလွတ်မြောက်သွားကြောင်း စုံစမ်းသိရှိရသည်။

အခင်းဖြစ်ပွားခဲ့သည့် ၄င်း၏နေအိမ် အစင်ကျေးရွာနယ်မြေ ၁၂ မြန်မာ့ဂုဏ်ရည်လမ်း အမှတ် ၅၄ ၌ PSI စလောင်းပြုပြင်နေစဥ် ညဦးပိုင်း ၇ နာရီ ၂၀ မိနစ်ခန့်က အမည်မသိဆိုင်ကယ်စီး ၂ ဦးလာရောက်၍ သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ကြောင်း၊ ၄င်းရရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် ရေးမြို့ဆေးရုံကြီးမှတဆင့် မော်လမြိုင်သို့ ပို့ဆောင်ခဲ့ကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။

"မသေပါဘူးခင်ဗျ။ အခု မော်လမြိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်" ဟု ၄င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဦးကျော်သူထွန်းသည် အစင်ကျေးရွာ ရာအိမ်မှူးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး ဖြစ်ကြောင်း သိရသည်။

အလားတူ အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးကိုကိုသည်လည်း ၄င်း၏ဥယာဥ်ခြံသွားသည့်ကားလမ်းဘေး၌ သြဂုတ်လ ၁၆ ရက်ညနေပိုင်းက ထိုးသွင်းဒဏ်ရာဖြင့် လုပ်ကြံခံသေဆုံးခဲ့ရကြောင်း၊ အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင် ဦးမောင်အုန်း နေအိမ်တွင်လည်း ဇူလိုင် ၂၉ က အမည်မသိဆိုင်ကယ်စီးလူ ၂ ယောက်မှ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့ရာ အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

ထို့ပြင် ရေးမြို့အောင်မေတ္တာရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်ကိုလည်း စက်တင်ဘာ (၂၄) ရက် မွန်းလွဲ ၃ နာရီခန့်က အမည်မသိ ဆိုင်ကယ်စီးသမားမှ လက်ပစ်ဗုံး လာရောက်ပစ်ထည့်ခဲ့ရာ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။

 
 

 

 

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...