ထောင်ဒဏ် ၂ နှစ်ကျော်ချမှတ်ခံရသည့် ရခိုင်ကျောင်းသားလေးဦးအမှုကို အယူခံတင်သွင်းမှုအား စစ်တွေခရိုင်တရားရုံးက ပယ်ချ

ထောင်ဒဏ် ၂ နှစ်ကျော်ချမှတ်ခံရသည့် ရခိုင်ကျောင်းသားလေးဦးအမှုကို အယူခံတင်သွင်းမှုအား စစ်တွေခရိုင်တရားရုံးက ပယ်ချ
ရခိုင်ပြည်ကျောင်းသားသမဂ္ဂ
ရခိုင်ပြည်ကျောင်းသားသမဂ္ဂ

ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံရသည့် ရခိုင်ကျောင်းသားလေးဦးအမှု အယူခံဝင်လျှောက်လဲချက်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ လက်ခံကြားနာခြင်းမရှိဘဲ အမှုကိုပလပ်လိုက်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်နေသည့်ရှေ့နေထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်တွေမြို့ ဝင်္ကဘာကွင်းမှ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည့် ဖြစ်ရပ်တစ်ခုကို ကျောင်းသားလေးဦးအား ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုပြီး ပြစ်ဒဏ်နှစ်ခုချမှတ်ခြင်းသည် ဥပဒေနှင့်မညီသည့်အတွက် အယူခံတက်ရခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“ကျောင်းသားတွေဟာ သဘောရိုးနဲ့ အပြစ်ကျုးလွန်တယ်လို့ဝန်ခံထားတယ်လို့ပြောပါလျက်နဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကိုချမှတ်တာဟာ များလွန်းတဲ့တွက် လျော့ပေးပါလို့ (အယူခံ)တက်တယ်။နောက်တစ်ခုက ပြုလုပ်မှုတစ်ရပ်တည်းပေါ်မှာ အမှုနှစ်ခုခွဲပြီးတော့ သီးခြားပြစ်ဒဏ်ချတာဟာ ဥပဒေနဲ့မညီညွတ်ဘူး။ တစ်ချိန်တည်း၊ တခုတည်းပြုလုပ်တာ ဖြစ်တဲ့အတွက် ပြစ်ဒဏ်ကိုနှစ်ကြိမ်ပေးလို့မရဘူး။ ဥပဒေအရ မှားယွင်းတယ်လို့ အကြောင်းပြချက်နှစ်ခုနဲ့ အယူခံတက်တာဖြစ်တယ်”ဟု ၎င်းကပြောသည်။

၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ တွင် ပြုလုပ်မှု (သို့မဟုတ်) ပျက်ကွက်မှုတစ်ခုခုသည် ဥပဒေနှစ်ရပ်(သို့မဟုတ်)နှစ်ရပ်ထက်ပိုသောဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျုးလွန်သူအား ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ဖြင့်သာ တရားစွဲဆိုအပြစ်ပေးရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုတစ်ရပ်တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍ မခံစေရဟု ပြန်ဌာန်းထားသည်။

စစ်တွေခရိုင်တရားရုံးမှ ရခိုင်ကျောင်းသားလေးဦးအမှု အယူခံအား လက်ခံကြားနာခြင်းမရှိဘဲ ချက်ချင်းပလပ်လိုက်ခြင်းသည် ဥပေဒကိုမျက်ကွယ်ပြုရာကျကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ဝေဖန်ပြောကြားသည်။

“အမှုကိုပလပ်လိုက်တာက ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ မှာ အတိ အလင်းပြဌာန်းထားပါလျက်နဲ့ ခရိုင်ရုံးက အမှုကိုလက်ခံကြားနာခြင်းမလုပ်ဘဲ အမှုကိုတင်တာနဲ့ ချက်ချင်း ပလပ်လိုက်တာဟာ ဥပေဒကို မျက်ကွယ်ပြုရာကျတယ်လို့သုံးသပ်တယ်” ဟု ၎င်းကဆိုသည်။

အယူခံအား စစ်တွေခရိုင်တရားရုံးမှ ပယ်ချလိုက်သည့်အတွက် ရခိုင်ကျောင်းသားလေးဦးအမှုအား ရခိုင်ပြည်နယ်တရားလွှတ်တော်ထံ ဆက်လက်အယူခံတက်သွားမည်ဖြစ်ကြောင်း အမှုကိုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

ကျောင်းသားလေးဦးဖြစ်သည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဘေး/စီ/မံ ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၆ လ ကျခံရန် စစ်တွေမြို့နယ်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့လေးဦးမှာ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စစ်တွေမြို့အတွင်းတွင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ Burmese Government Get Out၊ Burmese Army Get Out” စသည့် အချက်များကို တောင်းဆို ဆန္ဒဖော် ထုတ်ခဲ့ကြရာတွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်စစ်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှု၊ထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်စွန့်ခွာရမှုတို့အတွက် ပြည်သူဖက်မှရပ်တည်ပြီး အစိုးရနှင့် စစ်တပ်အားဆန့်ကျင်ဆန္ဒပြမှုကြောင့် ရခိုင်ကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် ရခိ်ုင်အမျိုးသားပါတီ ANP Youth Wing မှ ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့က  ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...