ယမန်နေ့ညတွင် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညတွင်းချင်းတွင် ပြည်သူများ ဘေးလွတ်ရာကို တိမ်းရှောင်နေရ

ယမန်နေ့ညတွင် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညတွင်းချင်းတွင် ပြည်သူများ ဘေးလွတ်ရာကို တိမ်းရှောင်နေရ

ယမန်နေ့ည (စက်တင်ဘာလ ၂၃ ရက်နေ့နေ) တွင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီး ကျောက်ဆည်ကန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်များနဲ့ ကရင်နီပူးပေါင်းတပ်တို့ ခုခံတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး ၎င်းနေရာအနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများ ညတွင်းချင်းတွင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။

“တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးတွေလည်း ရမ်းသန်းထုတယ်။ ဒေသခံတွေ ကြောက်လန့်လို့ ညတွင်းချင်း တိမ်းရှောင်နေကြရတယ်။ မိုးကြီးလေကြီးလည်းလာတယ်။ မိုးထဲလေထဲပဲ ပြေးနေကြရတာ။” လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို အတည်ပြုပြောကြားပါတယ်။

နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက “လက်နက်ကြီးသံတွေ သုံးလေးချက်လောက် ကြားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ပဲ တောက်လျှောက်သွားနေကြတာ။” လို့ ထပ်မံ အတည်ပြုပြောကြားပါတယ်။

ဒါ့အပြင် ယမန်နေ့တစ်ရက်တည်းမှာပဲ ဖယ်ခုံမြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဖယ်ခုံမြို့နယ် PDF ၊ KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၊ KNDF ဖက်မှ ထိခိုက်မှု မရှိသည်နည်းတူ အကြမ်းဖက်စစ်ကောင်စီတပ်များရဲ့ ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စက်တင်ဘာလ လဆန်းပိုင်းမှစပြီး တိုက်ပွဲတွေ တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေတဲ့အပြင် ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု စတဲ့ စစ်ရာဇဝတ်မှုတွေကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျုးလွန်နေတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထုတ်ပြန်ထားပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...