ဆိုင်ကယ်လိုင်စင်လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာမဟုတ်ကြောင်း မွန် PDF ထုတ်ပြန်

ဆိုင်ကယ်လိုင်စင်လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာမဟုတ်ကြောင်း မွန် PDF ထုတ်ပြန်

မော်လမြိုင်မြို့က ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှာ ဆိုင်ကယ်လိုင်စင် လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာ မဟုတ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF က ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အကြိမ်ကြိမ် သတိပေးထားတဲ့ကြားက လိုင်စင်လာလုပ်သူတွေကို စစ်ကောင်စီအား ကူညီထောက်ပံ့သူတွေအဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ နောက်ပိုင်းမှာ အသက်အန္တရာယ်အတွက် တာဝန်ယူတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF ဟာ မော်လမြိုင်ကညနရုံးမှာ လိုင်စင်လာမလုပ်ကြဖို့ စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းမှာ ဒုတိယအကြိမ် ဗုံးခွဲသတိပေးထားတာဖြစ်ပါတယ်။

အဲလို ဗုံးပေါက်ကွဲပြီးနောက် ဒီကနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာလည်း မော်လမြိုင်ကညနရုံးမှာ ပြည်သူ့အချို့ အစုံအလိုက်အပြုံအလိုက် လိုင်စင်လာလုပ်နေကြတာ ဖြစ်ပါတယ်။

မော်လမြိုင်ကညနရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ထားပါတယ်။

ကညနရုံး ဗုံးဖောက်ခွဲရတာဟာ စစ်ကောင်စီရဲ့ ဝင်ငွေရရှိနေမှုကို ဖြတ်တောက်ဖို့ လုပ်ဆောင်ရတာလို့ MPDF က ဆိုထားပါတယ်။

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...