ဆိုင်ကယ်လိုင်စင်လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာမဟုတ်ကြောင်း မွန် PDF ထုတ်ပြန်

ဆိုင်ကယ်လိုင်စင်လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာမဟုတ်ကြောင်း မွန် PDF ထုတ်ပြန်

မော်လမြိုင်မြို့က ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှာ ဆိုင်ကယ်လိုင်စင် လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာ မဟုတ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF က ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အကြိမ်ကြိမ် သတိပေးထားတဲ့ကြားက လိုင်စင်လာလုပ်သူတွေကို စစ်ကောင်စီအား ကူညီထောက်ပံ့သူတွေအဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ နောက်ပိုင်းမှာ အသက်အန္တရာယ်အတွက် တာဝန်ယူတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF ဟာ မော်လမြိုင်ကညနရုံးမှာ လိုင်စင်လာမလုပ်ကြဖို့ စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းမှာ ဒုတိယအကြိမ် ဗုံးခွဲသတိပေးထားတာဖြစ်ပါတယ်။

အဲလို ဗုံးပေါက်ကွဲပြီးနောက် ဒီကနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာလည်း မော်လမြိုင်ကညနရုံးမှာ ပြည်သူ့အချို့ အစုံအလိုက်အပြုံအလိုက် လိုင်စင်လာလုပ်နေကြတာ ဖြစ်ပါတယ်။

မော်လမြိုင်ကညနရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ထားပါတယ်။

ကညနရုံး ဗုံးဖောက်ခွဲရတာဟာ စစ်ကောင်စီရဲ့ ဝင်ငွေရရှိနေမှုကို ဖြတ်တောက်ဖို့ လုပ်ဆောင်ရတာလို့ MPDF က ဆိုထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...