လဝါး ကျေးရွာအနီး စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

လဝါး ကျေးရွာအနီး စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

တနိုင်းဘက်သို့ ဦးတည်ကာ စစ်အင်အားတိုးချဲ့လာသော အာဏာသိမ်းစစ်ကောင်စီတပ်ကို လဝါးကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ပါသောအဖွဲ့ ဒွမ်ဘုန်းကျေးရွာဘက်မှ ခြေကျင်ဖြင့်တက်လာခဲ့ရာ လဝါးကျေးရွာမရောက်မှီ ရာဘာခြံအနီးတွင် KIA တပ်ရင်း ၂၀ က စောင့်ကြိုကာ စတင်မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု လဝါးဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။

“စစ်ကောင်စီဘက်က စစ်အင်အား ၁၀၀ လောက်ရှိတဲ့အဖွဲ့ကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးမှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပြီး တိုက်ခိုက်ကြတော့။ တိုက်ပွဲဖြစ်တဲ့အချိန်က နာရီဝက်လောက်ဘဲကြာတယ်။ ၂ ဖက်တပ်ထိခိုက်မှုအခြေအနေက မသိရသေးဘူး” ဟု ပြောဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ လမ်းမကြီးရှိသည့်ဘက်တွင် ပြန်လည်နောက်ဆုတ်သွားကြောင်း သိရသည်။

ယနေ့ နံနက် KIA က မိုင်းခွဲတိုက်ခိုက်သည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ စစ်တင်ဘာလ ၂၃ ရက်နေ့ မိုးကောင်းမြို့ဘက်မှ တက်လာခဲ့စဉ် KIA က မရန်ကထောင်နှင့် မကောက်ဇွပ်ကျေးရွာအနီးတွင် ပထမအကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သောအဖွဲ့ဖြစ်သည်။

ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် မကောက်ဇွပ်အနီးတဝိုက်တွင် ၁ ရက်အကြာ ပုန်းခိုခဲ့ပြီးနောက် ယနေ့နံနက် တနိုင်းဘက်သို့ ပြန်လည်ချီတက်လာစဉ် လဝါးကျေးရွာအနီးတွင် KIA က ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...