အင်တာနက်ဖြတ်တောက်ခံထားရသည့် ဖားကန့်တွင် ပုဂ္ဂလိကဘဏ်အချို့ ပြန်လည်ဖွင့်ခိုင်း

အင်တာနက်ဖြတ်တောက်ခံထားရသည့် ဖားကန့်တွင် ပုဂ္ဂလိကဘဏ်အချို့ ပြန်လည်ဖွင့်ခိုင်း

ဖားကန့်မြို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသော်လည်း စစ်ကောင်စီမှ ပုဂ္ဂလိကဘဏ်အချို့ကို ပြန်လည်ဖွင့်ခိုင်းထားကြောင်း နီးစပ်သူများထံမှ သိရသည်။

"ကျနော်တို့ သိရသလောက်တော့ စစ်တပ်ကနေပြီး သူတို့ရဲ့ wifi လိုင်းနဲ့ ကုဒ်နံပါတ်ချပေးထားပြီး ဖွင့်ထားခိုင်းတယ်လို့ သိရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ အင်တာနက်လိုင်းဖြတ်တောက်ပြီး နှစ်ပတ်အကြာတွင် ပုဂ္ဂလိကဘဏ်များဖြစ်သော ကမ္ဘောဇဘဏ်နှင့် ဧရာဘဏ် နှစ်ခုတို့သည် စစ်တပ်၏ wifi နှင့် ဖွင့်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ယင်းဘဏ်များတွင် ငွေလွှဲ၊ ငွေထုတ်လွယ်ကူသော်လည်း ဘဏ်အပ်ငွေများ ထုတ်ယူရာတွင် ယခင်ထက် ပိုမိုခက်ခဲလာကြောင်း သိရသည်။

"ငွေထုတ်တာတော့ အရင်ကလိုဘဲ တစ်ပတ်တစ်ကြိမ် ကြာသာပတေးနေ့ ထုတ်ပေးတယ်။ ဒါပေမယ့် အများဆုံး ၁၀ သိန်းအောက်ဘဲ ထုတ်လို့ရတယ်။ ငွေ amount အများကြီး မရတော့ဘူး။ ငွေသွင်းတာတော့ အကန့်သတ်မရှိသွင်းလို့ရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ် အာဏာမသိမ်းခင် တစ်ပတ်လျှင်တစ်ကြိမ် ဘဏ်အပ်ငွေ သိန်းတစ်ရာအောက် ထုတ်ခွင့်ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်တွင် တစ်ပတ်လျှင်တစ်ကြိမ် သိန်း ၂၀ အောက် ထုတ်ယူခွင့်ပြုခဲ့သည်။

ထို့နောက် ဩဂုတ်လ ၂၀ ရက်နေ့ အင်တာနက်ဖြတ်တောက်ခံရပြီးနောက် တစ်ပတ်လျှင်တစ်ကြိမ် ၁၀ သိန်းအောက်သာ ထုတ်ယူခွင့်ရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် အသေးစား ငွေလွှဲဝန်ဆောင်မူလုပ်ငန်းများသည်လည်း အင်တာနက်အခက်ခဲများကြောင့် သိသိသာသာလျော့နည်းသွားကြောင်း သိရသည်။

"အင်တာနက်ဖြတ်လိုက်တော့ အစစအရာရာ ပိုခက်ခဲသွားတယ် wave ကနေလွှဲရင် လွှဲတဲ့ချိန်လည်း တစ်သိန်းမှာ ၃၀၀၀ ပေးရတယ်တဲ့။ ဒီမှာထုတ်ပြန်ရင်လည်း ၃၀၀၀ ထပ်ပေးရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်တွင် မိုဘိုင်းအင်တာနက်လိုင်းနှင့် wifi လိုင်းများဖြတ်တောက်ခံရသည်မှာ တစ်လကျော်ရှိလာပြီး အချို့‌နေရာများတွင် Fiber Connection နှင့် IPstar  internet  Connection များ အနည်းအကျဉ်း အသုံးပြုနိုင်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်သည် စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ပထမဆုံး အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ဖြစ်သည်။

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...