မုံးကိုး စစ်ရှောင်စခန်းတွင် Covid-19 ပိုး ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ

မုံးကိုး စစ်ရှောင်စခန်းတွင် Covid-19 ပိုး ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ
စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦး
စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦး

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ စစ်ဘေးဒုက္ခသည်စခန်းတွင် Covid-19 ပိုးကူးစက်ခံရသူ စစ်ရှောင် ၉၇ ဦးနှင့် ပရဟိတ ၅ ဦးထိရှိလာကြောင်း စစ်ရှောင်စခန်းတွင် စီမံခန့်ခွဲပေးနေသူတစ်ဦးထံမှ သိရသည်။

“ဒီနေ့ ၃၂ ဦး စစ်တာ ၁၈ ဦးတွေ့တယ်။ ပထမအကြိမ် ၃၇ ဦး၊ ဒုတိယအကြိမ် ၄၂ ဦး၊ တတိယအကြိမ် ၁၈ ဦးပေါ့။ စုစုပေါင်း စစ်ရှောင် ပြည်သူ ၉၇ ဦး။ အဲဒါတောင် အရမ်းဖျားတဲ့သူတွေကိုပဲရွေးတာ။ ကုသဖို့နေရာ၊ ထားဖို့နေရာ မရှိတော့လို့။ ပရဟိတတွေက ပထမက ၂ ဦး၊ ဒုတိယအကြိမ် ၁ ဦး၊ ခု တတိယအကြိမ် ၂ ဦး စုစုပေါင်း ၅ ဦး” ဟု သူကပြောသည်။

အဆိုပါ ပိုးတွေ့လူနာများအနက် လူနာ ၄၀ ကျော်ကို ပြည်သူ့ဆေးရုံတွင် ကုသပေးနေဆဲဖြစ်ပြီး အသင်းတော်နှစ်ပါးတွင်ရှိနေသော ပရဟိတ ဆရာဝန် ၂ ဦးနှင့်အတူ စစ်ရှောင် ၆၀ ကျော်အတွက် ဆေးဖိုးနဲ့ ဆေးပစ္စည်းတွေ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“ပြည်သူ့ဆေးရုံမှာဆိုရင် တစ်ယောက်ကို အနည်းဆုံး တရုတ်ယွမ်ငွေ ၁၀၀၀ လောက် ဖျားနာတဲ့ပေါ်မူတည်ပြီး ဆေးရုံမှာ ၄၀ လောက် ပို့ထားတယ်။ တရုတ်ငွေနဲ့တွက်လိုက်ရင် မလွယ်ဘူး။ အခုက တစ်ယောက်မှ မဆင်းသေးတဲ့အတွက်။ ဘယ်လောက်တောင်းမလဲ မသိဘူး။” ဟု အလွန်ခက်ခဲနေကြောင်း ကူညီနေသူတစ်ဦးက ပြောသည်။

စစ်ရှောင်စခန်းအတွင်း ကျန်းမာရေးစည်းကမ်းချက်လိုက်နာမှု အားနည်းခြင်းနှင့် စနစ်မကျခြင်းတို့ကြောင့် ပိုးကူးစက်သူ ပိုများလာကြောင်း သူက ဆက်ပြောသည်။

ထိုသို့ စစ်ရှောင်စခန်းတွင် ရောဂါကူးစက်မှု များလာသောကြောင့် တိုက်ပွဲ ငြိမ်သက်ခြင်းမရှိသေးသော်လည်း မန်ခွမ်ဇွပ်ရာရွာ၊ နောင်လျန်ရွာ၊ နမ့်ဟာရွာတို့မှ မိသားစု ၁၇ စုမှာ နေရပ်ပြန်သွားကြပြီဟု သိရသည်။

မုံးကိုးမြို့အနီးတွင် ဩဂုတ်လကုန်ပိုင်းမှစတင်ပြီး ယနေ့ချိန်ထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် အရပ်သားပြည်သူ ၄ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရပြီး ဒေသခံ ၇၀၀ ကျော်မှာ ဩဂုတ်လ ၂၉ ရက်နေ့ကစ မုံးကိုးမြို့ပေါ် ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးလာခဲ့သည်။

Photo Crd# စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦး

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...