ကျိုက်ထိုမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအမျိုးသမီးတစ်ဦးအပါအဝင် လုပ်ငန်းရှင် ၅ ဦးကို စစ်တပ်က ဖမ်းဆီး

ကျိုက်ထိုမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအမျိုးသမီးတစ်ဦးအပါအဝင် လုပ်ငန်းရှင် ၅ ဦးကို စစ်တပ်က ဖမ်းဆီး

ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်တင်မာလွင်နှင့် လုပ်ငန်းရှင် ၅ ဦးအား စစ်တပ်က ယမန်နေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးနှင့်လုပ်ငန်းရှင်များကို ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်တပ်က မေးမြန်းစရာရှိဟုဆိုကာ ခေါ်ဆောင်သွားပြီး မိသားစုများ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

"မေးစရာရှိလို့လို့ပြောပြီးတော့ခေါ်တာပါ။ အခုထိပြန်မလွတ်သေးပါဘူး။ အဆက်အသွယ်လည်းမရသေးပါဘူး" ဟု ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူး မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ထို့အပြင် မျိုးမြင့်နှင့်သားများ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ဦးမျိုးမြင့်၊ ဇွဲ ရတနာဆိုင်ပိုင်ရှင် ဦးမင်းဇော်၊ ဝင်းဝင်းဌေး ရွှေဆိုင်ပိုင်ရှင်ဦးခင်စိုးနှင့် ဦးမြသိန်း ဖုန်းပစ္စည်းဆိုင်ပိုင်ရှင် ကိုမျိုးလင်းထွဋ္ဋ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖမ်းဆီးရခြင်းအကြောင်းအရင်းနှင့် လက်ရှိအခြေအနေကို မေးမြန်းရန်ကျိုက်ထို မြို့မရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမှူမရှိခဲ့ပါ။

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...