အနာဂတ်ပစ်မှတ်ပညာရေးဖောင်ဒေးရှင်းမှ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းကို ရခိုင်ရှိလူငယ်များအား အခမဲ့သင်ကြားပေးနေ

အနာဂတ်ပစ်မှတ်ပညာရေးဖောင်ဒေးရှင်းမှ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းကို ရခိုင်ရှိလူငယ်များအား အခမဲ့သင်ကြားပေးနေ

အနာဂတ်ပစ်မှတ်ပညာရေးဖောင်ဒေးရှင်းက ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်သင်တန်းတို့ဖွင့်လှစ်၍ ရခိုင်ပြည်အတွင်းက လူငယ်များကို အခမဲ့သင်ကြားပေးနေကြောင်း သိရသည်။

အဆိုပါသင်တန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အပတ်စဉ် (၄) အဖြစ် သင်တန်းသားအသစ် (၄၀၀) ကျော်ကို စတင်ခေါ်ယူနေပြီးဖြစ်ကြောင်း သိရသည်။

“ရခိုင်မှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့လူငယ်တွေ၊ ကိုဗစ်ကြောင့် ကျောင်းမတတ်နိုင်သေးပဲရှိနေကြတဲ့ ဆယ်တန်းအောင်တွေ၊ ဘွဲ့ရတွေ၊ ပြီးတော့ ဆယ်တန်းမအောင်တဲ့သူတွေ အစရှိတဲ့သူတွေကို ကျနော်တို့က သင်တန်းကြေးတွေမယူဘဲ အခမဲ့သင်ပေးပါတယ်” ဟု အနာဂတ်ပစ်မှတ်ပညာရေးဖောင်ဒေးရှင်းတည်ထောင်သူ ဦးဇော်မင်းဦးက DMG ကိုပြောသည်။

လက်ရှိသင်တန်းအပတ်စဉ် (၄) တွင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာများအပြင် ဂီတနှင့်ဆိုင်သော အနုပညာများကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဦးဇော်မင်းဦးက ပြောကြားသည်။

“ရခိုင်မှာရှိနေတဲ့လူငယ်တွေကို လာမယ့်အနာဂတ်မှာ နည်းပညာတွေနဲ့ အင်္ဂလိပ်စာတွေကို တတ်မြောက်စေချင်တယ်။ အဲဒီလိုတတ်မြောက်စေချင်တဲ့ဆန္ဒနဲ့ ကိုယ်နိုင်တဲ့ဖက်က သင်ပေးတာပါ။ အခုခေါ်နေတဲ့အပတ်စဉ် ၄ မှာဆိုရင် ဂီတတွေ၊ အော်ဂံတွေအစရှိတဲ့ အနုပညာအပိုင်းနဲ့လည်း သင်ကြားပေးမဲ့အစီအစဉ်တွေရှိပါတယ်”ဟု ၎င်းကပြောသည်။

သင်တန်းလာတက်သူများကို စားစရိတ်၊ နေစရိတ်၊ စာအုပ်များ စသည်တို့ကိုလည်း အနာဂတ်ပစ်မှတ်ပညာရေးဖောင်ဒေးရှင်းမှ တာဝန်ယူပြီး အခမဲ့လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

“ကျနော်တို့မှာတော့ သင်တန်းသားတွေများတဲ့အတွက် ကွန်ပျူတာတွေ မလုံလောက်တဲ့အတွက် လိုအပ်ချက်တွေတော့ ရှိနေပါတယ်။ နောက်ဆီစျေးတွေကလည်းတက်တယ်။ ဒေါ်လာစျေးတွေကလည်းတတ်တော့ သင်တန်းသားတွေရဲ့ စားဝတ်နေရေးအတွက် အစစရာရာအခက်အခဲရှိတဲ့အတွက် ချွေတာပြီးသုံးနေရတာလည်းရှိပါတယ်” ဟု ဦးဇော်မင်းဦးကပြောသည်။

အဆိုပါသင်တန်းကို မအီ၊ ကျောက်ဖြူ၊ ပေါက်တော၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ စစ်တွေနှင့် မြောက်ဦး အစရှိသည့် မြို့နယ်များက လူငယ်အများစု တက်ရောက်လျှက်ရှိကြောင်းလည်း သိရသည်။

ရသေ့တောင်မြို့နယ်က သင်တန်းလာတတ်သူ ကိုမျိုးဌေးနိုင်က “ကိုဗစ်တွေဖြစ်တော့ ကျောင်းတွေမတက်ဘဲ နေလိုက်ရတယ်။ ဒီမှာသင်တန်းအခမဲ့သင်ပေးနေတာရှိတော့ အသိမိတ်ဆွေတွေနဲ့ ချိတ်ပြီးလာတက်တာဖြစ်တယ်။ ကျောင်းမှာတော့ အခုကလူတွေများလာတော့ နေထိုင်ဖို့အဆောင်တွေလိုအပ်နေတာရှိတယ်” ဟု ပြောသည်။

အဆိုပါသင်တန်းကို ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာရှိ နန်းတက်ဘုရာကြီးအနီးတွင်ဖွင့်လှစ်ထားပြီး သင်တန်းအပတ်စဉ် (၁) တွင် သင်တန်းသား (၅၀) ကျော်၊ အပတ်စဉ် (၂) တွင် သင်တန်းသား (၆၀) ကျော်၊ အပတ်စဉ် (၃) တွင် သင်တန်းသား (၂၀၀) ကျော်တို့ကို သင်ကြားပေးခဲ့ကြောင်းလည်း သိရသည်။

Photo Crd - Ashin Thu Ta

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...