Stay at Home သတ်မှတ်ထားတဲ့ ဟုမ္မလင်း Covid-19 ကူးစက်မှုလျှော့ကျလာ

Stay at Home သတ်မှတ်ထားတဲ့ ဟုမ္မလင်း Covid-19 ကူးစက်မှုလျှော့ကျလာ

Stay at Home သတ်မှတ်ထားခဲ့သည့် ဟုမ္မလင်းမြို့တွင် စက်တင်ဘာလအတွင်းတွင် ကူးစက်မှုလျှော့ကျခဲ့ကြောင်း ဟုမ္မလင်းမြိုန့ယ် Covid19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ထုတ်ပြန်သည့် စာရင်းများအရသိရသည်။

“အခု သတင်းတောင်မကြားတော့ဘူး ကိုဗစ်က၊ ဘယ်သူမှလည်းစိတ်မဝင်စားဘူး” ဟု ဟုမ္မလင်းမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။

ဟုမ္မလင်းမြိုန့ယ်တွင် ဇွန်လမှ စက်တင်ဘာလ (၂၁) ရက်နေ့အထိ ကူးစက်သူ (၁၇၃၀) ဦးရှိခဲ့ပြီး ကုသမှုခံယူနေရသူ (၃၀) ဦးသာကျန်ရှိတော့သည်။

Covid19 ကြောင့် သေဆုံးသူ (၈၄) ဦးထိလည်းရှိထားပြီး အများစုမှာ ရောဂါအခံရှိသူများနှင့် အသက်အရွယ်ကြီးရင့်သူများဖြစ်ကြောင်း သိရသည်။

“ဆိုင်တွေအကုန်ပြန်ဖွင့် ၊ စားသောက်ဆိုင်တွေကော အကုန်ဖွင့် ၊ ဆိုင်ထိုင်စားလို့လည်းရပြီ၊ ကိုဗစ်က ထိကြတယ်။ဒါမယ့် ဒီဘက်ကသိတဲ့အတိုင်း တုတ်ကွေးလို့ပဲပြောကြတာပါ့” ဟု ဟုမ္မလင်း ဥရုချောင်းဒေသက အမျိုးသမီးတစ်ဦးကဆိုသည်။

Covid19 ရောဂါပိုးလျှော့ကျလာခြင်းကြောင့် ကုသမှုစင်တာ (၃) ခုကိုလည်း ပိတ်သိမ်းလိုက်ပြီး ကုတင် (၁၀၀) ဆေးရုံတွင်သာ ကုသပေးလျှက်ရှိနေသည်။

ဟုမ္မလင်းမြို့နယ်တွင် Covid19 ရောဂါပိုးကူးစက်မှုလျှော့ကျသော်လည်း ဟုမ္မလင်းမြို့ဝင်/ထွက် စစ်ဆေးမှုများနှင့် ကျန်းမာရေးထောက်ခံချက်လက်မှတ်များကို ငွေကြေးပေးပြီး ယခင်အတိုင်း ယူဆောင်နေရဆဲဖြစ်သည်။

 
 

 

 

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...