မိုးသည်းထန်ပြီးရေကြီးကြောင့် ချောင်းအတွင်း ရွှေမျှောလုပ်ကိုင်နေသူ သုံးဦးရေနစ်သေဆုံး

မိုးသည်းထန်ပြီးရေကြီးကြောင့် ချောင်းအတွင်း ရွှေမျှောလုပ်ကိုင်နေသူ သုံးဦးရေနစ်သေဆုံး

စက်တင်ဘာလ (၂၂) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗန်းမောက်မြို့နယ် ကံရွာအုပ်စု အလယ်ရွာရှိချောင်းတွင် ရေကြီးပြီး ရွှေမျှောလုပ်ကိုင်နေသူ သုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

“ဗန်းမောက် အလည်ရွာချောင်းမှာတော့ ရွှေမျောလုပ်သားလူငယ်သုံးဦးရေနစ်သေတယ်၊ ချောင်းကျင်းမောင်းတာ၊ ရေရုတ်တရက်ကြီးခဲ့လို ရေထဲမျှောသွားတာ” ဟု ဒေသခံတစ်ဦး ရှမ်းနီအသံကို ပြောသည်။

ရေနစ်သေဆုံးသူများသည် ထိုချောင်းထဲတွင် ရွှေမျှောလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု၏ အလုပ်သမားများဖြစ်သည်ဟုလည်း ဆိုသည်။

သေဆုံးသူများထဲမှာ (၂) ဦး၏ အလောင်းကို ပြန်လည်ရရှိထားပြီး ကျန်ရှိသည့် ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မနေ့က မိုးသည်းမှုကြောင့် ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းရှိ ချောင်းများရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ခရီးသွားလာမှု ပြတ်တောက်မှုများလည်းဖြစ်ပွားခဲ့သည်။

ဗန်းမောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိမ်ကောလုဖြစ်နေသည့် ချောင်းများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး နေအိမ်နှင့် လယ်ယာများလည်း ပျက်ဆီးမှုများရှိနေခြင်းဖြစ်သည်။

 
 

 

 

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...