PDF သိန်းချီအတွက် လက်နက်တပ်ဆင်ပေးရေး လုပ်ဆောင်နေဟု NUG ဝန်ကြီးပြော

PDF သိန်းချီအတွက် လက်နက်တပ်ဆင်ပေးရေး လုပ်ဆောင်နေဟု NUG ဝန်ကြီးပြော

တစ်နိုင်ငံလုံးအတိုင်းအတာ PDF များကို လက်နက်တပ်ဆင်ပေးရန် လုပ်ဆောင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာတူးခေါင်ထံမှ သိရသည်။

CRPH ထံလှူထားသော ဒေါ်လာ ၁၇ သန်းကျော်ကိစ္စ အမေးအဖြေဟုဆိုကာ NUG အစိုးရ၏ လုပ်ဆောင်နေမှုများကို စက်တင်ဘာလ ၂၁ ရက်နေ့ ဝန်ကြီး ဒေါက်တာတူးခေါင်၏ Facebook တွင် ရေးသားထားသည်။

“မြို့နယ် ၃၃၀ အားလုံး နှံ့အောင်တော့ စောင့်ရမှာပေါ့။ တနိုင်ငံလုံးမှာရှိတဲ့ သိန်းချီသော PDF တွေအတွက် လိုအပ်ချက်တွေတော့ အများကြီးပါ။ တမြို့နယ် အလက် ၁၀၀ ပေးဖို့ ဆိုရင်တောင် ၃၃၀၀၀ လိုအပ်တယ်။ လက်ရှိ အလှူခံထားတဲ့ ဒေါ်လာ ၁၇ သန်းဖိုးဝယ်ရင်တောင် အလက် ၅၀၀၀ လောက်ပဲရမယ်။ အံ့သြဖို့ကောင်းတာက အဲ့ထက်မကတော့ဘူး။” ဟု PDF များအတွက် လက်နက်တပ်ဆင်ရေး အကြောင်းအရာကို ရေးသားထားသည်။

ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာ PDF အစစ်များနှင့် ဆက်သွယ်ဆောင်မှုများကို မနားမနေ လုပ်ဆောင်နေသည်ဟု ဆက်လက်ရေးသားထားသည်။

“အမှန်အကန် PDF တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ မနားမနေ လုပ်နေပါတယ်။ ဘယ်လိုလုပ်တယ်ဆိုတဲ့ နည်းနာကတော့ ကျနော်တောင်မသိဘူး။ ဒါပေမယ့် ဂျင်း PDF တော့ သတိထားရမှာပေါ့။ စကစဖက်က PDF အတုတွေ ထောင်ထားတာလဲရှိတယ် သတိထား။ PDF ဆိုတဲ့လူတိုင်းနဲ့ မဆက်သွယ်နဲ့။ အသွင်ယူ PDF လှူမိတဲ့ အလှူရှင်တွေ အဖမ်းခံရတာတောင် မနည်းတော့ဘူး။” ဟု ရေးသားထားသည်။

NUG အစိုးရတခုလုံးအတွက် လိုအပ်သောဘတ်ဂျက်မှာ ဒေါ်လာ သန်း ၈၀၀ ဖြစ်ပြီး ၎င်းတို့မှာ မကြာခင် ရရှိတော့မှာဖြစ်ကြောင်း ဒေါက်တာတူးခေါင်က ရေးသားထားသည်။

အဆိုပါဝန်ကြီး ဒေါက်တာတူးခေါင်၏ အမေးအဖြေရေးသားမှုတွင် လူထုဘက်မှ NUG အစိုးရအပေါ် ဝေဖန်မေးမြန်းသော မေးခွန်းတစ်ချို့ကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

 
 

 

 

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...