မြဝတီမြို့ပေါ် နေအိမ်တစ်အိမ်တွင် လက်လုပ်မိုင်းဗုံးပေါက်ကွဲပြီး လူတစ်ဦးသေ

မြဝတီမြို့ပေါ် နေအိမ်တစ်အိမ်တွင် လက်လုပ်မိုင်းဗုံးပေါက်ကွဲပြီး လူတစ်ဦးသေ
လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေအိမ် (Eleven Media Group)
လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေအိမ် (Eleven Media Group)

ကရင်ပြည်နယ် မြဝတီမြို့ပေါ် နေအိမ်တစ်အိမ်၌ ယမန်နေ့ (စက်တင်ဘာ ၂၀ ရက်) ည ၇ နာရီခန့်က လက်လုပ်မိုင်းဗုံးပေါက်ကွဲပြီး လူတစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်နေစဥ် အသက် ၃၀ ခန့်ရှိ မွန်ပြည်နယ်မှ အမည်မသိလူငယ်တစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

"ပေါက်ကွဲတာ အသံလဲတော်တော်ကျယ်တယ်။ အဲဒီအိမ်က လူတစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်။ နောက်တော့ စစ်သားနဲ့ရဲတွေ ရောက်လာတယ်"ဟု ၄င်းမြို့ခံက ဆိုသည်။

လက်လုပ်မိုင်းစမ်းသပ်စဥ်  ပေါက်ကွဲခဲ့သည်ဟု ယူဆရကြောင်း၊ မြဝတီမြို့အမှတ် (၄) ရပ်ကွက်၊ အောင်မြေရွှေဘုံ (၂) လမ်းရှိ ဦးစောနိုင်ဝင်း၏ နေအိမ်ကိုငှားရမ်းထားခြင်းဖြစ်ပြီး ၄င်းနေအိမ်ပေါ်တွေ့ရှိသူ အမျိုးသမီးသုံးဦးကိုလည်း ခရိုင်ရဲတပ်ဖွဲမှူးရုံးသို့ ညတွင်းချင်း ခေါ်ဆောင်သွားကြောင်း လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အလားတူ မြဝတီမြို့အရှေ့တောင်ဘက်၊ လေးကေ့ကော်မြို့နယ်ထဲရှိ နေအိမ်တအိမ်တွင် စက်တင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တချို့ လက်လုပ်မိုင်း စမ်းသပ်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးကာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဌာနတချို့က ဖော်ပြသည်။

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...