ကိုဗစ်အတည်ပြုလူနာ ၈၆ ဦးတိုး၊ ပိုးတွေ့စာရင်း ၃ ထောင်ကျော်ထိ ရှိလာ

ကိုဗစ်အတည်ပြုလူနာ ၈၆ ဦးတိုး၊ ပိုးတွေ့စာရင်း ၃ ထောင်ကျော်ထိ ရှိလာ

ကရင်နီပြည်နယ်တွင် ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၂ ဦးရှိပြီး လွိုင်ကော်မြို့၊ ဘောလခဲမြို့နဲ့ မယ်စဲ့မြို့နယ်တွေမှာ ကိုဗစ်အတည်ပြုလူနာ (၈၆)ဦး ထပ်မံတွေ့ရှိတာကြောင့် စက်တင်ဘာလ (၂၀)ရက်နေ့အထိ ကိုးဗစ်ပိုးတွေ့စာရင်း ၃ထောင်ကျော်အထိ ရှိလာပြီလို့ သိရပါတယ်။

ကိုဗစ် တတိယလှိုင်းအတွင်း ဇွန်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ (၂၀) ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၁၈၉၄)ဦး၊ ဒီးမော့ဆိုမြို့မှ ၇ဦး၊ ဖရူဆိုမြို့မှ ၆ ဦး၊ ဘောလခဲမြို့မှ (၁၇၃) ဦး၊ ဖားဆောင်းမြို့မှ (၈၅၂)ဦး၊ မယ်စဲ့မြို့မှ (၁၁၉)ဦး၊ စစ်ဆေးရုံမှ ၅ဦး တို့ဖြစ်ပြီ စုစုပေါင်း ပိုးတွေ့ရှိသူ (၃၀၅၇ ) ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ (၁၀၆)ဦး၊ ဖရူဆိုမြို့မှ တစ်ဦး၊ ဖားဆောင်းမြို့မှ ၁၀ ဦး စုစုပေါင်း (၁၁၇) ဦး ရှိနေပြီးကိုဗစ်သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ (၂၃၈၉) ဦး နဲ့ ဆေးရုံတက်ရောက်ဆဲ ( ၅၅၁) ဦး ကျန်ရှိတယ်လို့ သိရပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...