ကိုဗစ်အတည်ပြုလူနာ ၈၆ ဦးတိုး၊ ပိုးတွေ့စာရင်း ၃ ထောင်ကျော်ထိ ရှိလာ

ကိုဗစ်အတည်ပြုလူနာ ၈၆ ဦးတိုး၊ ပိုးတွေ့စာရင်း ၃ ထောင်ကျော်ထိ ရှိလာ

ကရင်နီပြည်နယ်တွင် ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၂ ဦးရှိပြီး လွိုင်ကော်မြို့၊ ဘောလခဲမြို့နဲ့ မယ်စဲ့မြို့နယ်တွေမှာ ကိုဗစ်အတည်ပြုလူနာ (၈၆)ဦး ထပ်မံတွေ့ရှိတာကြောင့် စက်တင်ဘာလ (၂၀)ရက်နေ့အထိ ကိုးဗစ်ပိုးတွေ့စာရင်း ၃ထောင်ကျော်အထိ ရှိလာပြီလို့ သိရပါတယ်။

ကိုဗစ် တတိယလှိုင်းအတွင်း ဇွန်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ (၂၀) ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၁၈၉၄)ဦး၊ ဒီးမော့ဆိုမြို့မှ ၇ဦး၊ ဖရူဆိုမြို့မှ ၆ ဦး၊ ဘောလခဲမြို့မှ (၁၇၃) ဦး၊ ဖားဆောင်းမြို့မှ (၈၅၂)ဦး၊ မယ်စဲ့မြို့မှ (၁၁၉)ဦး၊ စစ်ဆေးရုံမှ ၅ဦး တို့ဖြစ်ပြီ စုစုပေါင်း ပိုးတွေ့ရှိသူ (၃၀၅၇ ) ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ (၁၀၆)ဦး၊ ဖရူဆိုမြို့မှ တစ်ဦး၊ ဖားဆောင်းမြို့မှ ၁၀ ဦး စုစုပေါင်း (၁၁၇) ဦး ရှိနေပြီးကိုဗစ်သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ (၂၃၈၉) ဦး နဲ့ ဆေးရုံတက်ရောက်ဆဲ ( ၅၅၁) ဦး ကျန်ရှိတယ်လို့ သိရပါတယ်။

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...