စက်သုံးဆီစျေး မြင့်တက်လာခြင်းကြောင့် အုတ်၊ သဲ၊ ကျောက်များ စျေးအနည်းငယ်မြင့်တက်

စက်သုံးဆီစျေး မြင့်တက်လာခြင်းကြောင့် အုတ်၊ သဲ၊ ကျောက်များ စျေးအနည်းငယ်မြင့်တက်

စက်သုံးဆီစျေးမြင့်တက်လာခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက အုတ်၊ သဲ၊ ကျောက်များမှာလည်း စျေးအနည်းငယ်မြင့်တက်လာကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

စက်သုံဆီးစျေးနူန်းများမှာ ယခင်က တစ်ဂါလံကို ၂၀၀၀ ကျပ်ရှိခဲ့သော်လည်း လက်ရှိတွင် တစ်ဂါလံကို ၆၀၀၀ ကျပ်အထိ စျေးမြင့်တက်လာနေသည်။

ယင်းကြောင့် ကျောက်၊ သဲတင်ပို့သည့် စက်လှေပိုင်ရှင်များဖက်မှာလည်း စျေးပိုတောင်းလာကြခြင်းဖြစ်ကြောင်း ကျောက်၊ သဲ၊ အုတ်လုပ်ငန်းရှင်များက ဆိုသည်။

“အုတ်ကတော့ အရင်နှစ်ကထက် ၅၀၀၀၊ ၁၀၀၀၀ ထိ တက်သွားပါတယ်။ အုတ်၊ သဲ၊ ကျောက်သယ်တဲ့ ဘုတ်တွေကနေတစ်ဆင့်စျေးတက်လာတာ။ ဘုတ်သမားတွေက ဆီစျေးတက်တော့ စျေးတက်လာတာဖြစ်ပါတယ်။ ကျောက်တွေကတော့ ပုံမှန်ဆို ဒီအချိန်မှာစျေးမတက်ပါဘူး” ဟု ရိုးမအုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးဆိုင်မှ ကိုကျော်အေးစံကပြောသည်။

ယခင်က အုတ် ၁၀၀ လျှင် ၁၀၀၀၀ ကျပ်သာရှိခဲ့သော်လည်း လက်ရှိတွင် ၁၃၀၀၀ ကျပ်သို့လည်းကောင်း၊ ကျောက်တစ်ကျင်းကို ယခင်က ရ၀၀၀၀ ကနေ လက်ရှိတွင် ရ၅၀၀၀ ကျပ်အထိ စျေးတက်လာကြောင်း အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“အခုက မိုးတွင်းလည်းဖြစ်တယ်။ နောက်ရောဂါတစ်မျိုးပါရှိနေတော့ ရောင်းအားမကောင်းပါဘူး။ ပြီးတော့ တချို့ဆို တန့်ထားတဲ့ လုပ်ငန်းတွေရှိနေတော့ အရောင်းအဝယ်သိပ်ဖြစ်ပါဘူး” ဟု အမည်မဖော်လိုသည့် အုတ်၊ သဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယခင်နှစ်က ကျောက်တစ်ကျင်းကို ရ၀၀၀၀ ကျပ်ဖြင့် အိမ်တိုင်ရာရာက် ပို့ဆောင်နိုင်သော်လည်း ယခုနှစ်တွင် ၈၀၀၀၀ ကျပ်ဖြင့်သာ အိမ်အရောက်ပို့ဆောင်နိုင်ကြောင်း ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းများဖက်မှာလည်း ဘတ်ဂျက်အခြေအနေ၊ ဆောက်လုပ်ရေးတွင်လိုအပ်သည့် ပစ္စည်းများ စျေးတက်လာခြင်းကြောင့် ရပ်ထားသည့်အဆောက်အဦးများရှိကြောင်းလည်း သိရသည်။

ယခုကဲ့သို့ စျေးနှုန်းမြင့်တက်လာသည့်အတွက် အရောင်းအဝယ်ပိုင်းတွင်လည်း ရောင်းအားမကောင်းဘဲရှိနေကြောင်း ကျောက်၊ အုတ်၊ သဲရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...