မော်လမြိုင် ကညနရုံးတွင် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးနေ

မော်လမြိုင် ကညနရုံးတွင် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးနေ
လိုင်စင်ပြုလုပ်မည့်မော်တော်ဆိုင်ကယ်များ ကြိတ်ကြိတ်တိုးတန်းစီနေပုံ (Facebook)
လိုင်စင်ပြုလုပ်မည့်မော်တော်ဆိုင်ကယ်များ ကြိတ်ကြိတ်တိုးတန်းစီနေပုံ (Facebook)

မော်လမြိုင်မြို့ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးနေကြောင်း ဆိုင်ကယ်လိုင်စင်အကျိုးဆောင်တစ်ဦးထံက သိရသည်။

ယခင်နှစ်များထက် လိုင်စင်ခွန်ကို သိသိသာသာလျော့ထားပြီး ပျမ်းမျှအားဖြင့် ငွေကျပ်သုံးသိန်းမှ ငါးသိန်းအထိ လျော့ကျသွားကြောင်း ၄င်းဆိုင်ကယ်လိုင်စင်အကျိုးဆောင်က ဆိုသည်။

"အရင်က ၁၂ သိန်းက အခုဆို ၉ သိန်းလောက်ပဲ ပေးရတော့တယ်။ အဲဒီတော့ လူကလဲ ကြိတ်ကြိတ်တိုးနေတာပဲ။ နေ့ရောညရော လာလုပ်နေကြတာ။ ရက်ကလည်း အကန့်အသတ်ရှိတယ်ဆိုလို့လဲ ပါတာပေါ့" ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိအချိန်အထိ မွန်ပြည်နယ်တစ်ခုလုံး၌ လိုင်စင်မဲ့ဆိုင်ကယ် အစီး ၆၇၇ စီးအတွက် လိုင်စင်ပြုလုပ်ပေးခဲ့ကြောင်း မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီတိုးက ပြောသည်။

၄င်းက "စျေးလျော့တာတွေ၊ မလျော့တာတွေကတော့ ကျွန်မတို့လည်း သေချာမသိဘူး။ အခုတစ်ခါက နိုင်ငံတော်က တိုက်ရိုက်ခိုင်းတာမလို့ပါ။ စျေးလျော့တယ် မလျော့ဘူးဆိုတာက ကိုယ်တိုင်လာလုပ်နေတဲ့ ပြည်သူတွေပိုသိမှာပါ။" ဟု ဆိုသည်။

မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ ပပျောက်ရေးအတွက် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို အစိုးရရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ပြုလုပ်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းကညနရုံးများတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့မှ အောက်တိုဘာ ၁၂ ရက်နေ့အထိ လိုင်စင်များထုတ်ပေးသွားမည်ဖြစ်ကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှသိရသည်။

Most read this week

August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...