အောက်ရေဖြူကျေးရွာကို စစ်ကောင်စီ အင်အားသုံး ဝင်ရောက် ပစ်ခတ်ဖမ်းဆီး

အောက်ရေဖြူကျေးရွာကို စစ်ကောင်စီ အင်အားသုံး ဝင်ရောက် ပစ်ခတ်ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ အောက်ရေဖြူ ကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်တွေ အင်အားသုံးပြီး ဝင်ရောက်ပစ်ခတ် ဖမ်းဆီးတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ကြောင်း နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်နေတဲ့ အောက်ရေဖြူ ကျေးရွာအုပ်စုအတွင်းရှိ ကဒက်ငယ်ထိန်၊ ဝံတွင်း၊ ကျောက်ဖြူ၊ ဂေါ့အင်းကျေးရွာတွေမှာ စစ်ကောင်စီအင်အား ၁၀၀ ခန့်က လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးတာ၊ သေနတ်ပစ်ဖောက် ဖမ်ဆီးတာတွေ လုပ်သွားတာပါ။

“မနက်ကတည်းက အင်အားအများကြီးနဲ့ လမ်းတွေမှာ နေရာယူပြီး စစ်နေတယ်။ သူတို့မသင်္ကာတဲ့သူတွေကိုလည်း ရိုက်နှက်ဖမ်းဆီးတာတွေလုပ်နေတယ်။ သေနတ်နဲ့လည်း ပစ်ဖမ်းနေတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေကို ဖမ်းဆီးဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ခိုအောင်းနေတယ်ဆိုတဲ့ သတင်းကြောင့် အင်အားသုံးပြီး ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်သွားတာပါ။

ပစ်ခတ်ဖမ်းဆီး စစ်ဆေးမှုတွေ လုပ်ရာမှာ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေစာရင်း တိုက်စစ်တာ၊ ဖုန်းတွေ စစ်ဆေးတာတွေ လုပ်ဆောင်သွားပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အင်အားသုံးဖမ်းဆီးနေတာကြောင့် အမျိုးသမီးငယ်တစ်ဦး အပါအဝင် ၁၂ ဦးခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်နေတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...