ကျိုက်မရောမြို့နယ် ကျေးရွာအချို့တွင် တစ်အိမ်ငွေကျပ် ၄ သိန်းကောက်ခံ၍ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခဲ့

ကျိုက်မရောမြို့နယ် ကျေးရွာအချို့တွင် တစ်အိမ်ငွေကျပ် ၄ သိန်းကောက်ခံ၍ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခဲ့
ကော့ဒွန်းကော့ကလော့လူငယ်အဖွဲ့ ကျေးရွာအတွင်းအမှိုက်ကောက်လှုပ်ရှားမှု (လူငယ်အဖွဲ့)
ကော့ဒွန်းကော့ကလော့လူငယ်အဖွဲ့ ကျေးရွာအတွင်းအမှိုက်ကောက်လှုပ်ရှားမှု (လူငယ်အဖွဲ့)

ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း၊ ကော့ကလော့ကျေးရွာအဝင်၌ အစိုးရလျှပ်စစ်ဓါတ်အား သွယ်တန်းမှုရပ်တန့်ထားသည်မှာကြာပြီဖြစ်သည့်အတွက် ကျေးရွာအတွင်းသို့လျှပ်စစ်မီးခွဲဝေပေးနိုင်ရန် နေအိမ်တစ်အိမ်ငွေကျပ် ၄ သိန်းကောက်ခံ၍ ကိုယ်ထူကိုယ်ထလျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခဲ့သည်မှာ မကြာမီရက်ပိုင်းအတွင်း ပြီးစီးတော့မည်ဖြစ်ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ကျေးရွာအတွင်း လမ်းမီးတပ်ဆင်ခြင်းကိုအဓိကထားဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် ဓါတ်တိုင်များ၊ ဆားဗစ်ကြိုးများနှင့် မီတာဘောက်များတပ်ဆင်နိုင်ရန် အလှုငွေများကောက်ခံခြင်းဖြစ်၍ ငွေ ၄ သိန်းကျပ်ထည့်ဝင်ပေးသည့် နေအိမ်များကိုသာ မီတာဘောက်တပ်ဆင် သွယ်တန်းပေးခဲ့သည်ဟု မီးလင်းရေးကော်မတီတာဝန်ရှိသူက ဆိုသည်။

ကော့ဒွန်းဆရာတော် ပညာသာမိက “အစိုးရမီးတိုင်က ရွာဦးအဝင်လောက်ပဲရောက်ပါတယ် ဘတ်ဂျက်ကို မစောင့်နိုင်တော့ပါဘူး ကျန်နေတဲ့အပိုင်းကိုတော့ ကိုယ်ထူကိုယ်ထပဲ လုပ်လိုက်တော့မယ်၊ သူများမြို့ရွာတွေမှာ လျှပ်စစ်မီးရတာကြာပါပြီ၊ ရွာသားတွေကလည်း လျှပ်စစ်မီးရဖို့ သိပ်ကိုမျှော်လင့်နေကြတယ်။ လျှပ်စစ်မီးရခဲ့ရင်တော့ သူတို့လုပ်ငန်းတွေဆောင်ရွက်ဖို့ ပိုအဆင်ပြေသွားပါလိမ့်မယ်” ဟု မိန့်ဆိုသည်။

လာမည့်စက်တင်ဘာ ၁၉ ရက်နေ့တွင် ကျေးရွာအတွင်း လမ်းမီးများစတင်ဖွင့်နိုင်တော့မည်ဖြစ်ကြောင်း၊ နေအိမ်များအတွက် ကုန်ကျမည့်လျှပ်စစ်မီတာခကို အစိုးရသတ်မှတ်ထားသည့် ယူနစ်နှန်းထားအတိုင်းသာ ကောက်ခံသွားမည်ဟု ကျေးရွာမီးလင်းရေးကော်မတီက ဆုံးဖြတ်ထားသည်။

ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ အတွင်းရေးမှူး နိုင်ကျော်နိုင်က “ကျတော်တို့ရွာ လျှပ်စစ်မီးရခဲ့ရင် မျှော်လင့်တာက ရေတင်တာကအစ ကျန်တဲ့အလုပ်အာလုံး လွယ်ကူချောမွေ့သွားမယ်ပေါ့။ ကိုယ့်ရွာတိုးတက်ဖို့အတွက် လမ်းတွေ၊ လျှပ်စစ်မီးတွေရခဲ့လျှင် ပိုပြီးအဆင်ပြေသွားမှာပေါ့” ဟု ကပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကော့ဒွန်းကျေးရွာအပါအဝင် ကော့ကလော့ကျေးရွာအုပ်စု၌ အိမ်ခြေ ၈၀၀ ကျော်၊ လူဦးရေ ၄၅၀၀ နီးပါး နေထိုင်ကြောင်း သိရသည်။

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...