စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော်၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုးဘက်သို့ ချီတက်လာ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော်၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုးဘက်သို့ ချီတက်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့သို့ ဦးတည်ကာ တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၃၀ ကျော်ပါဝင်သော ယာဉ်တန်းသည် စက်တင်ဘာ ၁၆ ရက်ည ပန်ဆိုင်း (ကြူကုတ်) မြို့တွင် ရောက်ရှိလာပြီဟု ဒေသခံများပြောသည်။

“ဘော်လုံးကွင်းမှာ စစ်ကားတွေ နားနေကြတယ်။ တင့်ကားတော့ စစ်တပ်ထဲမှာ။ စစ်ကား အစီး ၃၀ ကျော်။ ခု နောက်ထပ် Vego နဲ့ ၆ စီး။ Vego ထဲကစစ်သားတွေက အရက် အရမ်းမူးနေကြတယ်။” ဟု ပန်ဆိုင်း (ကြူကုတ်) ဒေသခံတစ်ဦးပြောသည်။

ဒေသခံများ၏ သုံးသပ်ချက်အရ စစ်ကားများကို ပန်ဆိုင်းမြို့တွင် ချန်ထားခဲ့ပြီး တင့်ကား ၂ စီးဖြင့်သာ စစ်သားများ ခြေကျင်ဖြင့် မုံးကိုးအထိ သွားရန် ပြင်ဆင်နေကြောင်း ပြောဆိုနေကြသည်။

အဆိုပါ တင့်ကား ၂ စီးထားရန် မြေနေရာကို ဘူဒူဇာဖြင့် ပြင်ဆင်ထားကြောင်း ဖောင်းဆိုင်ဒေသခံတစ်ဦးက ပြောသည်။

“နေရာ ပြင်ထားပြီးသား။ ဖောင်းဆိုင်ဆုတောင်းတောင်ကို နှစ်ခါလာတိုက်ပြီ။ မရလို့ ခု ဒါစောင့်နေတာထင်တယ်။” ဟု ဖောင်းဆိုင် ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ခန့်သာပါပြီး တာမိုးညဲပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်ဆေးပြည်သူ့စစ်၊ ကျင်းစန်းကျော့ ပြည်သူ့စစ်များပါဝင်ကြောင်း မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ည ၁၀၅ မိုင်မှာ လာနားတဲ့သူတွေ မူဆယ် ဗိုလ်တည်းကုန်းနဲ့ စုပေါင်းရုံး အဲဘက်လာနားပြီး ဒီညနေ သုံးနာရီခွဲဝန်းကျင်ချိန်ခန့်က ၁၀၅ မိုင်ဘက် ချက်ချင်း ပြန်လှည့်သွားပြီ။ တင့်ကား နှစ်စီးပါတယ်။ မနေ့က ၁၀၅ မိုင်မှာ ဝင်တဲ့စစ်ကားက ၄၄ စီး။” ဟု မူဆယ် ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၃ ရက်နေ့ကစ စက်တင်ဘာလဆန်းပိုင်းအထိ ပန်ဆိုင်း (ကြူကုတ်) နှင့် မုံးကိုး ဖောင်းဆိုင်ဘက်တွင် စစ်ကောင်စီနှင့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ကာ အရပ်သားပြည်သူ ၆ ဦးလည်း သေဆုံးခဲ့သည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော်မှာ မြို့ပေါ်နှင့် တရုတ်နယ်စပ်တွင် မိုးကာတဲဖြင့် ခိုလှုံနေကြသည်။

Bum Shep

 
 

 

 

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...