အင်းတော်ကြီးဒေသ အိုင်လေးတူကျေးရွာတောင်သူများ စိုက်ထားသည့်စပါးများ ဂုတ်ကျိုးရောဂါ ကျရောက်နေ

အင်းတော်ကြီးဒေသ အိုင်လေးတူကျေးရွာတောင်သူများ စိုက်ထားသည့်စပါးများ ဂုတ်ကျိုးရောဂါ ကျရောက်နေ

အင်းတော်ကြီးဒေသ အိုင်လေးတူကျေးရွာရှိ တောင်သူများ၏ စပါးစိုက်ခင်းများတွင် စပါးဂုတ်ကျိုးရောဂါ ကျရောက်နေကြောင်း တောင်သူများထံမှ သိရသည်။

“ရာသီဥတုကြောင့်လားမသိဘူး ပိုးမွှားကျမှုတအားများတယ်ဒီနှစ်  မနှစ်တုန်းကလောက်ကိုကျတယ် ပြီးတော့ဂုတ်ကျိုးရောဂါဖြစ်တယ်  ဖြစ်စဆိုတော့ လေးငါးခြောက်ဧကတော့ရှိသွားမှာပေါ့ ကျွန်တော်ဆေးတွေဖြန်းလိုက်တာ ကြိုတင်ပြီးမှသွားဖြန်းလိုက်တော့ သက်သာသွားတယ်” ဟု တောင်သူ ဦးကျော်ထွေးက ပြောသည်။

ထိုရောဂါသည် စပါးပင်အရွက်များတွင် အစက်သေးသေးလေးမှ အကွက်ထိဖြစ်လာပြီး အရွက်ခြောက်ကျသွားကာ စပါးပင်ငုတ်တိုတစ််ထွာခန့်သာကျန်တော့သည်။

စိုက်ပျိုးရေးစာတမ်းများအရ ၎င်းရောဂါသည် အပင်၏ ဇီဝကမ္မပြောင်းလဲချိန်တွင် ခံနိုင်ရန်နည်းပါးမှု၊ စိုထိုင်းဆများပြားမှု တို့ကြောင့်ဖြစ်ပြီး ညအပူချိန်ကျ နိမ့်ကျနေမှုတို့ကလည်း ရောဂါကိုပြင်းထန်စေသည်ဟု ဆိုသည်။

“တချို့ကလည်း ဓာတ်မြေဩဇာတွေပစ်ကြဲတာ။ တချို့လယ်တွေဟာလည်း မဆိုးသင့်ပဲဆိုးသွားတာလဲရှိတယ်။” ဟု ဦးကျော်ထွေးက ဆက်လက်ပြောကြားသည်။

သုတေသနစာတမ်းများတွင် ထိုရောဂါပိုးကျရောက်နေချိန်တွင် ပုလဲမြေဩဇာကို ထည့်၍မရနိုင်ကြောင်း ပိုတက်/စက်ဖွဲပြာတို့ကိုသာ ထည့်သွင်းသင့်ကြောင်း အကြံပြုရေးသားထားသည်။

“လယ်တစ်စားလုံးရဲထွက်သွားပြီးမှ ငုတ်ပဲကျန်တာပါဆို၊ ငုတ်ဆိုတာ တစ်ထွာလောက်လေးပဲရှိတာ၊ အညွှန့်တက်လာတာမှန်သမျှ အကုန်လုံးစားတာလေ၊ ဘယ်လိုကြီးလဲမသိဘူး” ဟု တောင်သူတစ်ဦးက ဆိုသည်။

ထိုရောဂါကျသည် အိုင်လေးတူကျေးရွာရှိ စပါးစိုက်ပျိုးဧက ရာချီဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုရောဂါကို တောင်သူများက မှိုသတ်ရွက်ဖြန်းဆေးတစ်မျိုးကို အသုံးပြုပြီး တိုက်ဖျက်နေကြသည်။

သို့သော်လည်း ယခုနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုသည့် ဓာတ်မြေဩဇာနှင့်ဆေးများလည်း စျေးနှုန်းနှစ်ဆကျော်မြင့်တက်မှုနှင့် ကြုံတွေ့နေရသည်။

 
 

 

 

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...