စစ်ကောင်စီများက ဧည့်စာရင်းစစ်အသွင်ယူပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကောင်စီများက ဧည့်စာရင်းစစ်အသွင်ယူပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတို့သည် ဧည့်စာရင်းစစ်သည့် အသွင်ယူပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ည ၇ နာရီကျော်ဝန်းကျင် အချိန်တွင် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာအနီးတွင် ယမန်နေ့ (စက်တင်ဘာ ၁၄) ရက် ည ၇နာရီဝန်းကျင် စစ်ကောင်စီနှင့် PDF ဟုထင်ရသည့် အဖွဲ့တို့ တိုက်ပွဲ နာရီဝက်ကြာဖြစ်ပွားပြီးနောက် စစ်ကောင်စီ က လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ေစောက်မြို့နယ် ဒေသခံပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တိုက်ပွဲများဖြစ်ပွားပြီး ပစ်ခတ်သံများ ငြိမ်သွားပြီး ၉ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတို့သည် ရပ်စောက်မြို့နယ် ဈေးတန်းရပ်ကွက် အတွင်းတွင် ဧည့်စာရင်းစစ်သည့် အသွင်ယူကာ ကိုစည်သူဟိန်း၏ နေအိမ်သို့ဝင်ရောက်ဖမ်းခေါ်သွားကြောင်း သတင်းသိရသည်။

“မနေ့ည သေနတ်သံတွေ ကြားရပြီးနောက် စစ်သား ၃၀ လောက်နဲ့ သူတို့ အိမ်ကိုလာဝိုင်းတယ်၊ ဧည့်စာရင်းစစ်ချင်လို့ပါတဲ့၊ မောင်စည်သူဟိန်းကိုတွေ့တော့ ဝိုင်းဖမ်းသွားတာ၊ ဖုန်းလည်း ယူသွားတယ်တဲ့” ဟု မောင်စည်သူဟိန်း မိသားစုနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရသည့် မောင်စည်သူဟိန်းသည် အသက် ၂၈ အရွယ်ရှိနေပြီး မိသားစုများနှင့်အတူ နေထိုင်သူဖြစ်ကြောင်း နွေဦးတော်လှန်ရေးကာလ အစောပိုင်းတွင် စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြမှုများ၌ ပါဝင်ခဲ့ဖူးသော်လည်း လက်ရှိမှာတော့ နိုင်ငံရေးနှင့်ပက်သက်ပြီးလှုပ်ရှားမှုများ မရှိကြောင်းလည်း သိရသည်။

ယခုရက်ပိုင်းအတွင်းတွင် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှာ လူငယ်များ ဖမ်းဆီးခံရမှု ဆက်တိုက်ဖြစ်ပေါ်နေကြောင်းလည်း သတင်းသိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...