စစ်ကောင်စီက စစ်ကြောင်းထိုးရင် ဖမ်းဆီးခံရသူများ ပြန်လွှတ်သူ မရှိသေး

စစ်ကောင်စီက စစ်ကြောင်းထိုးရင် ဖမ်းဆီးခံရသူများ ပြန်လွှတ်သူ မရှိသေး

ကရင်နီပြည်နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်းဖမ်းသွားတဲ့သူ ဩဂုတ် ၂၇ ရက်နေ့ကနေ စက်တင်ဘာလ ၈ ရက်နေ့အတွင်း ၂၅ ဦး ရှိနေပြီး ပြန်လွှတ်လာတဲ့သူ မရှိသေးဘူးလို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားထံက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီက မြို့ပေါ်တွေမှာ စစ်ဆေးရေးဂိတ်တွေကိုထားရှိပြီး သွားလာနေတဲ့ လူထုတွေကို ဖုန်းစစ်ပြီး တချို့သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ရှိနေပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ မယုံသင်္ကာမှုတွေနဲ့ဖမ်းတာတွေရှိသလို အကြောင်းမဲ့ ဖမ်းသွားတာလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“တချို့ သူတို့ ဂိတ်ချပြီးတော့မှ စစ်တဲ့အချိန်မှာ မိတဲ့လူတွေရှိတာပေါ့နော။ ဒါအဲ့ဒီလူအများစုက ဘာကြောင့် အဖမ်းခံရတာလဲဆိုတော့ သူတို့ဖုန်းထဲမှာ ပါတယ်ပေါ့နော။ သူတို့ဖုန်းထဲမှာပါတဲ့ အချက်အလက်တွေ ဓာတ်ပုံတွေကို အခြေခံပြီးတော့မှ မယုံသင်္ကာမှုနဲ့ သူတို့ဖမ်းလိုက်တာရှိတယ်။ ဒါက စစ်ဆေးရေးဂိတ်မှာ သူတို့လုပ်တဲ့ ပုံစံကို တွေ့ရတယ်။ ဒါပေမယ့် တချို့လူတွေကတော့ လမ်းသွားလမ်းလာပြည်သူ တိုက်ပွဲဖြစ်လို့ လမ်းသွားလမ်းလာပြည်သူတွေကို ကျေးလက်နေ ပြည်သူတွေကိုတော့ ဘာမှကို အကြောင်းပြချက်မရှိပဲ တစ်ခါတည်း တွေ့တဲ့လူကို ဆွဲဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပုံစံမျိုးနဲ့ သူတို့လုပ်တာတော့ ကျနော်တို့ တွေ့ရတာ ရှိပါတယ်။“

ဖမ်းဆီးခံထားရတဲ့ လူထုတွေရဲ့ အခြေအနေကိုလည်း မသိရှိရသေးပါဘူး။စံပြ၆မိုင်မှာ တိုက်ပွဲအပြီးနေအိမ်ပြန်တဲ့အချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံရတဲ့ ပါစကွားလယ်နဲ့ ဖီဒေးလယ်ကိုလည်း နှိပ်စက်ညှင်းပန်းထားတဲ့ ဓာတ်ပုံ လူကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဩဂုတ်လ ၂၇ ရက်ကနေ စက်တင်ဘာလ ၈ရက်နေ့အတွင်း ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်တာမရှိသေးဘဲ စက်တင်ဘာလ (၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃) ရက်နေ့က ဖုန်းစစ်ဆေးပြီး ဖမ်းခံရတဲ့လူထဲက တချို့တော့ ပြန်လွှတ်လာပြီဖြစ်ပေမယ့် တချို့ကတော့ အခြေအနေမသိရသေးပါဘူး။

ပြန်လွှတ်လာတဲ့သူတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီက PDF ဟုတ်၊ မဟုတ် စစ်ဆေးမေးမြန်းတာတွေရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အခုလို တင်းတင်းကျပ်ကျပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေက အိမ်အပြင်မထွက်ရဲကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။

 
 

 

 

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...