မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့တွင် ရောက်ရှိလာသော စစ်ဘေးဒုက္ခသည် ၂၆ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း စခန်းတာဝန်ရှိတစ်ဦးထံမှ သိရသည်။

“မနေ့ရဲ့ ရှေ့နေ့ ညက မသင်္ကာလို့ စစ်တာ ၁၀ ယောက် Positive ဖြစ်တယ်။ မနေ့က Camp တိုင်းက စစ်တဲ့အချိန်မှာ ဒီ KBC ဘုရားကျောင်းဝင်းက ၂၅ ယောက်။ ဘုန်းကြီးကျောင်းက ၁ ယောက်။ ၂၆ ယောက် Positive ပြန်စစ်ဆေးတွေ့ရှိတယ်။ အမျိုးသမီး ဘယ်လောက်၊ အမျိုးသား ဘယ်လောက်ဆိုတာတော့ စာရင်း ဘာမှမသိရသေးဘူး။ နာမည်စာရင်းတွေ မရောက်သေးဘူး။” လို့ သူက ပြောပါတယ်။

 

စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ဘုရားကျောင်းမှ လူဦးရေ ၃၀၀ ခန့်၊ ဘုန်းကြီးကျောင်းမှာ ၁၃၀ စသည်တို့ကို စစ်ဆေးခဲ့ရာ ၂၆ ဦးတွင် ပိုးတွေ့ခဲ့သည်ဟု သိရသည်။

 

စစ်ရှောင် တစ်ဦးလျှင် တစ်ရုတ်ယွမ်ငွေ ၁၀၀ ပေးကာ ကိုဗစ်ပိုးစစ်ဆေးနေရသောကြောင့် စစ်ရှောင်များအတွက် အကြီးမားဆုံး အခက်အခဲ ပြဿနာတစ်ခု ဖြစ်နေကြောင်း စခန်းတာဝန်ခံများပြောသည်။ ပိုးတွေ့လူနာများကိုလည်း မုံးကိုးဆေးရုံတွင် ဆေးကုသမှုခံယူစေမည်ဟု သိရသည်။

 

မုံးကိုးမြို့အနီးတွင် ပြီးခဲ့သည့် ဩဂုတ်လကစတင်ပြီး စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စသည်ကျေးရွာများမှ ဒေသခံ ၇၀၀ ကျော် လက်ရှိ မုံးကိုးမြို့ပေါ်ရှိ ကချင် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၊ လီဆူဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေး တိမ်းရှောင်နေခြင်း ဖြစ်သည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...