တစ်ပြည်နယ်လုံးကို စစ်မျက်နှာဖွင့်ပြီး အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းသွားမယ်လို့ KNDF ပြော

တစ်ပြည်နယ်လုံးကို စစ်မျက်နှာဖွင့်ပြီး အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းသွားမယ်လို့ KNDF ပြော

ကရင်နီတစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ပြီး စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အခုလို ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အခုလို ပြောပါတယ်။

”အဓိကကတော့ ဒီလိုပါ ကျနော်တို့ ပြည်နယ်မှာရှိတဲ့လူအားလုံး စုပေါင်းပြီးတော့မှ စစ်ကောင်စီကို ကျနော်တို့ တွန်းလှန်နိုင်ဖို့ အချိန်နဲ့အမျှ စစ်မျက်နှာဖွင့်မယ် စစ်ကောင်စီရှိတဲ့နေရာ ကျနော်တို့ တိုက်နိုင်အောင် ကျနော်တို့ တိုင်ပင်ပြီးတော့မှ ထုတ်လိုက်တာပါ။ အဓိက ကတော့ စစ်ကောင်စီကနေလာတာ ကျနော်တို့ စောင့်နေတာမျိုး မဟုတ်ပဲနဲ့ ကျနော်တို့ ရှိရင်းဟာလေးကို တိုက်နိုင်အောင် ကျနော်တို့ ကြိုးစားပြီးတော့ ပြောလိုက်ရတာပေါ့။ ကျနော်တို့ အဲ့လိုမျိုးအဓိပ္ပါယ်နဲ့ ကျနော်တို့ ထုတ်သွားတာဖြစ်တယ်။” လို့ ဆိုပါတယ်။

စက်တင်ဘာ (၁၄) ရက် ဒီကနေ့မနက် ၅ နာရီဝန်းကျင်ကနေစပြီး ဖရူဆိုမြို့နယ်၊ ကဒါးလား ကျေးရွာအနီးမှာ KNDF၊ KA နဲ့ စစ်ကောင်စီတို့ လေးနာရီကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ KNDFဘက်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးမှာ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ရဲဘော်ဆီမိုးနယ် (ခ) အောင်နိုင်ဖြစ်ပြီး ကျန်တစ်ဦးမှာ (၉) တန်းကျောင်းသားအရွယ် ရဲဘော်ပီတာဂျွန်စော ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်မှာလည်း ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက် အတိအကျကိုမပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် လေးလကြာတိုက်ပွဲအတွင်း ယနေ့အထိ တိုက်ပွဲပေါင်း ၆၅ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၈၉) ဦးအထိ ရှိနေပြီလို့ ကရင်နီပြည်နယ်က လူမှုအသင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

 
 

 

 

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...