ထားဝယ်မှာ အသက်မပြည့်သေးသည့် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ထားဝယ်မှာ အသက်မပြည့်သေးသည့် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ၊ ဆန်းချီရပ်ကွက်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ညက အသက်မပြည့်သေးသည် မိန်းကလေး ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အဆိုပါ မိန်းကလေးတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်သည်ဟု အကြောင်းပြချက်နဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေမှာ အသက် ၁၀ နှစ်အရွယ် မအိမြတ်ချယ်၊ အသက် ၁၅ နှစ်အရွယ် မယွန်းယွန်းနဲ့ အသက် ၂၀ နှစ်အရွယ် မမြတ်ဆုမွန်တို့ ၃ ဦးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဆိုပါ မိန်းကလေးတွေနေအိမ်မှ ဖုန်း ၁၀ လုံးခန့်ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

“ညက ရပ်ကွက်ထဲကို စစ်ကောင်စီတပ်သားတွေ အင်အားအများကြီးဘဲ ဝင်စစ်တယ်။ မိန်းကလေး ၃ ယောက်ကိုလဲ ဖမ်းသွားတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေလဲပါတယ်။ ဘယ်ခေါ်သွားလဲတော့မသိဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆန်းချီရပ်ကွက်၊ အိမ်ရှေ့ပြင်၊ ဆင်ဆိပ်တို့အပြင် မြို့တွင်းနေရာတော်တော်များများမှာ စစ်ဆေးမှုတင်းကြပ်နေတာဖြစ်ပါတယ်။

 
 

 

 

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...